October 19, 2024

၁၅. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ထမ်းဦးရေ အနည်းဆုံး ၈၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဆွတ်ဇာလန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော Insecurity Insight အဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။

အဆိုပါအဖွဲ့အစည်းသည် ကမ္ဘာတဝှမ်းရှိ ကျန်းမာရေးအဆောက်အဦများ၊ ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်၊ ဖမ်းဆီးခံရမှုအခြေအနေများကို လေ့လာစောင့်ကြည့်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-10-16_15-25-43-948x1024.jpg

အဆိုပါအဖွဲ့၏အဆိုအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၃၂ နိုင်ငံတွင်ကျန်းမာရေးနှင့်ပတ်သက်သော အဆောက်အဦ၊ ဝန်ထမ်းများ တိုက်ခိုက်ခံရသောအဖြစ်အပျက် အနည်းဆုံး ၂၀၀၀ နီးပါးဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ထမ်းများအဖြစ်သတ်မှတ်ရာတွင် ဆရာဝန်၊ အရေးပေါ်ကားများမောင်းနှင်သူ၊ ဆေးဘက်ဆိုင်ရာလုပ်အားပေးနေသူ သူနာပြု၊ ဓာတ်မှန်ပညာရှင်များကို ထည့်သွင်းတွက်ချက်ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ဦးရေအနည်းဆုံး ၁၁၂ ဦး ဖမ်းဆီးခံရပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာကျဆင်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၂၁ ခုနှစ်က ကျန်းမာရေးဝန်ထမ်းဦးရေ ၆၇၉ ဦး ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူများအနက်မှ ကျန်းမာရေးဝန်ထမ်း ၉ ဦးသာ ပြန်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-16_15-25-48-1024x682.jpg

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာခဲ့ရာ လူနာများကို ဆေးဝါးကုသရန်အတွက် ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ရမှု မြင့်တက်လာခဲ့ပြီး ယခုနှစ် ကိုးလအတွင်း ကျန်းမာရေးဝန်ထမ်း ၂၇ ဦး သတ်ဖြတ်ခံထားရသလို ၂၀၂၂ ခုနှစ်အတွင်းကလည်း ကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၂၇ ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများ စတင်ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်က ကျန်းမာရေးဝန်ထမ်းဦးရေအနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ရကြောင်း Insecurity Insight အဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။

Ref; Insecurity Insight

Leave a Reply

Your email address will not be published. Required fields are marked *