October 19, 2024

၁၆. ၁၀. ၂၀၂၃
Translated by Thettant

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်ခရိုင်၊ ဇခေါ့ထာရွာအနီးမှာ မြန်မာနိုင်ငံသားတစ်ဦးကို အိန္ဒိယရူပီး သိန်း ၄၅၀၀( မြန်မာကျပ် ၁၁၃၂၃ သန်းခန့်) တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့အတူ အာသံရိုင်ဖယ်တပ်ရင်းက ပြီးခဲ့တဲ့ စနေနေ့ညဘက်မှာ (အောက်တိုဘာ ၁၄ ရက်) ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အာသံရိုင်ဖယ်တပ်ရင်းဟာ လျှို့ဝှက်သတင်းပေးမှုတစ်ခုအရ မြန်မာနိုင်ငံသားဖြစ်တဲ့ မူးယစ်ဆေးဖြန့်ချိသူ ချင်းတိုင်းရင်းသားကို ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ဆီက ဖမ်းမိတာကတော့ အိုက်စ်လို့ခေါ်တဲ့ Methamphetamine ၁၅ ကီလိုဂရမ်ကို ဖမ်းမိခဲ့တာပါ။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသားဟာ အသက် ၂၄ နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသား Kambiaktuang ဖြစ်ပြီး သူသယ်ဆောင်လာတဲ့ Ice(Methamphetamine) တွေကလည်း အလုံးရေ ၁၅၀၀၀၀ လောက်အထိ ရှိနေတာပါ။

လက်ရှိမှာတော့ မူးယစ်ဆေးသယ်ဆောင်လာတဲ့ တရားခံချင်းတိုင်းရင်းသားနဲ့ မူးယစ်ဆေးတွေကို ချန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့ဆီ အာသံရိုင်ဖယ်တပ်ရင်းက လွှဲပြောင်းပေးခဲ့ပြီး တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *