October 19, 2024

၁၆. ၁၀. ၂၀၂၃
Written By Thandar

၄၆ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲနေ့က နေရာအခက်အခဲကြောင့် မတက်ရောက်နိုင်တဲ့ သက်ကြီး မိဘအယောက် ၁၀၀ ကျော်ကို ယနေ့ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းကစ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်အစည်းအရုံးမှာ အလှူငွေတွေ ထုတ်ပေးနေလျှက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MTNews Entertainment ကို ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်က ကျင်းပခဲ့တဲ့ ၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားနဲ့ ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနေ့က နေရာအခက်အခဲကြောင့် ရုပ်ရှင်သက်ကြီးမိဘအယောက် ၃၀ သာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-16_13-22-25-2-1024x779.jpg

“ကျွန်တော်တို့ နေရာအခက်အခဲကြောင့် ရှပ်ရှင်သက်ကြီး ပူဇော်ပွဲနေ့က ဖိတ်ထားတဲ့ အယောက် ၃၀ ကိုသာခေါ်ပြီး ကန်တော့ခဲ့တာပါ။ ဒါကြောင့် ကျန်ရှိနေတဲ့ သက်ရှိအနုပညာရှင် အယောက် ၁၀၀ ကျော်ကို ဒီနေ့မှာ အစည်းအရုံးမှာ ထုတ်ပေးဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းလို့ မလာနိုင်တဲ့ သက်ကြီးအနုပညာရှင်တွေကိုတော့ အိမ်တိုင်ရာရောက်သွား ကန်တော့ဖို့ စီစဥ်ထားပါတယ်။ ခုမနက်ပိုင်းတော့ လာရောက်ထုတ်ယူနိုင်တဲ့သူ သက်ကြီးအနုပညာရှင် အယောက် ၅၀ နီးပါး လာရောက်ထုတ်ယူနေကြပါတယ်” လို့ ဦးအေးကြူလေးက ပြောပါတယ်။

သက်ကြီးအနုပညာရှင် ၁၄၀ ကျော်ရှိပြီး ရုပ်ရှင်အစည်းအရုံးက ကျန်ရှိနေတဲ့ သက်ကြီးအနုပညာရှင် တစ်ဦးကို လှူဒါန်းငွေကျပ် ၄ သိန်း၊ ဆေးပစ္စည်း ၇၀ ခန့် တို့ကို ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *