October 19, 2024

၁၆.၁၀.၂၀၂၃
Written By Thandar

Miss Grand International 2023 ပြိုင်ပွဲကြီးရဲ့ Country’s Power of the Year Round 3 ပြိုင်ပွဲဝင် အတွက် Group A, B တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ Voting များသူက Winner အဖြစ် ရွေးချယ်ခံရပြီး Final Round ကို တက်လှမ်းသွားမှာဖြစ်ပါတယ်။

Voting အတွက် ပြိုင်ပွဲဝင်တွေကို Group A အနေနဲ့ Miss Grand Thailand နဲ့ Miss Grand Vietnam အဖွဲ့ ၊ Group B အနေနဲ့ Miss Grand Myanmar နဲ့ Miss Grand Peru အဖွဲ့တို့ကို Group တစ်ခုဆီက တစ်ဦး ရွေးချယ်ခွင့်ရပြီးတော့ Round 3 Voting ကို အောက်တိုဘာ ၁၇ ရက်မှာ စတင်မှာဖြစ်ပြီး ပရိသတ်အားပေးမှုများသူကတော့ Top 20 Finalists စာရင်းကို တက်လှမ်းခွင့်ရမှာဖြစ်ပါတယ်။

“အတူတူ ထပ်ကြိုးစားကြမယ်နော်။ Fighting။ နီနီရှေ့က Fight မယ်။ မြန်မာမှာ ကျန်ခဲ့တဲ့ နီနီချစ်ရတဲ့ သူတွေက Myanmar ရဲ့ အားကိုပြကြမယ်။ 1Dollar – 1 Vote ပေးဖို့ မမေ့ပါနဲ့နော်။ နီနီကလည်း ဒီဘက်က အကောင်းဆုံး ကြိုးစားယှဥ်ပြိုင်နေပါတယ်”လို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-16_12-15-27-485x1024.jpg

အောက်တိုဘာ ၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေလျှက်ရှိတဲ့ ဗီယက်နမ်နိုင်ငံ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ လက်ရှိ Top 10 Miss Popular Vote Ranking အနေနဲ့ Miss Grand Indonesia Miss Ritassya Wellgreat 38% , Miss Grand Vietnam Miss Le Hoang Phuong 30% Miss Grand Myanmar Ni Ni Lin Eain 14% , Miss Grand Thiland Miss Thaweepon Phingchamrat 4% , Miss Grand Paraguay Miss Maelia Salcines 3% , Miss Grand Peru Miss Luciana Fuster 2% , Miss Grand Cambodia Miss Phoem Sreynor 2% , Miss Grand Russia Miss Anastasiia Volkonskaia 1% , Miss Grand Honduras Miss Britthany Marroquin 1% , Miss Grand Gibraltar Miss Jaylynn Cruz 1% တို့ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နီနီလင်းအိမ်ကတော့ Top 10 Miss Popular Vote Ranking မှာတော့ ၁၄ ရာခိုင်နှုန်း စာရင်းဝင်နေတာလည်းဖြစ်ပါတယ်။ Miss Grand Winner ရဖို့အတွက် 1 Dollar နဲ့ နီနီလင်းအိမ်ကို Vote ပေးကြရမှာဖြစ်ပါတယ်။ မြန်မာပြည်က ပရိသတ်တွေကလည်း အလှမယ် နီနီလင်းအိမ်အတွက် အားလုံး ဝန်းရံနေလျှက်ရှိပါတယ်။ Top 5 For Voting Swimsuits စာရင်းတွေလည်း ထွက်ပေါ်လာရာမှာ Vietnam က Miss Le Hoang Phuong က 2.5 M မှာ ရပ်တည်နေသလို နီနီလင်းအိမ်ကတော့ Facebook 2.1 M နဲ့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *