October 19, 2024

၁၆. ၁၀. ၂၀၂၂
Written by Nay Moe

PDF တွေက ထောင်ထားတဲ့လက်လုပ်မိုင်းပေါက်ရာက အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာရမှု မတ္တရာမြို့နယ် တံငါတောင်ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ဟာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တံငါတောင်ကျေးရွာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဒီလိုပေါက်ကွဲမှုဖြစ်ပွားတယ် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဲဒီကျေးရွာနေ ဦးထွေး (၄၇)နှစ်နဲ့ ရှမ်းမြောင်းကျေးရွာနေ ကိုကျော်မိုးလွင်(၂၅)နှစ်တို့ ၂ ဦးဟာ နေအိမ်ဆီ အသီးသီးလမ်းလျှောက်ပြန်လာချိန် တံငါတောင်ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ ဘောင်ကြီးတံတားအနီးအရောက် PDF အဖွဲ့က ထောင်ထားတဲ့ လက်လုပ်မိုင်း ၁ လုံးကို နင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် ဦးထွေးဟာ နောက်ကျော/ဝမ်းဗိုက်ယာဘက်ခြမ်း/ယာပေါင်မိုင်းစ ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။ ကိုကျော်မိုးလွင်ကတော့ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိခဲ့လို့ ဆေးကုသနိုင်ရေး မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။

PDF တွေ ကြီးစိုးထားတဲ့ နယ်မြေတွေမှာ PDF တွေဟာ လုံခြုံရေးတပ်ဖွဲ့တွေ စစ်ကြောင်းတွေလာနိုင်တဲ့လမ်းမှာ လက်လုပ်မိုင်းတွေ၊ မြေမြှုပ်မိုင်းတွေ၊ ပဒေသာမိုင်းတွေထောင်ထားတတ်ပြီး ရွာအနီးပတ်လည်ဆိုရင်တော့ မနက်မှာဖြုတ်၊ ညမှာထောင်ထားတတ်တဲ့ပုံစံနဲ့ မိုင်းတွေထောင်ကြတာပါ။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ မြေမြှုပ်မိုင်းတွေ၊ လက်လုပ်မိုင်းတွေကြောင့် သေဆုံးရတဲ့ပြည်သူအရေအတွက်ဟာ နှစ်စဥ်မြင့်တက်နေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *