October 19, 2024

၁၆. ၁၀. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် တေလာဆွစ်ရဲသမီးရည်းစား ဆက်ဆံရေးတိုင်းလိုလိုဟာ လူအများဆီကနေ အာရုံစိုက်ခံရမှု များစွာရရှိတတ်ပြီး အခုတစ်ခါမှာလည်း သူမနဲ့ NFL ကစားသမား Travis Kelce တို့ သမီးရည်းစားဆက်ဆံရေးတွေ ရှိနေကြတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပြီး ရက်သတ္တပတ်အနည်းငယ်အကြာ အောက်တိုဘာ ၁၅ ရက် နံနက်အစောပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ဦး နယူးယောက်မှာ လက်ချင်းတွဲကာ လူမြင်ကွင်းမှာ စုံတွဲလိုက် ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-16_11-29-18-881x1024.jpg

တေလာဆွစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က Travis Kelce ရဲ့ NFL ပွဲစဉ်တစ်ခုအတွင်း Travis Kelce ရဲ့မိခင်ဘေးမှာ ထိုင်ကာ ပွဲစဉ်ကိုအား​ပေးနေခဲ့တာကြောင့် တေလာဆွစ်နဲ့ Kelce အကြား အချစ်ဇာတ်လမ်း ရှိနေတယ်လို့ ကောလဟာလတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ပရိသတ် သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ အဆိုတော် တေလာဆွစ်ဟာ အခုနှစ် လေးလပိုင်းလောက်က ခြောက်နှစ်ကြာချိန်းတွေ့ခဲ့တဲ့ မင်းသား Joe Alwyn နဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး အခုလက်ရှိမှာလည်း Travis Kelce နဲ့ တွဲနေတဲ့သတင်းအပေါ် ပရိသတ်တွေကတော့ ဝမ်းသာ ဂုဏ်ပြုပေးနေကြပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *