MT News
Written by Min Mahar
Voice of Mandalay သည် SAC ကို သတင်းမီဒီယာဖြင့် တော်လှန်နေရာမှ ၎င်းတို့အဖွဲ့ကိုယ်တိုင် Voice of Mandalay-Front Warriors (Vomdy-FW) အမည်ဖြင့် လက်နက်ကိုင်ဆောင်ကာ တွန်းလှန်တိုက်ခိုက်တော့မည်ဟု အသိပေးထုတ်ပြန်ချက်ကို ယမန်နေ့က ထုတ်ထားသည်။
Voice of Mandalay မိသားစုအနေဖြင့် ယခင်က မန္တလေးမြို့ပြတော်လှန်ရေးအတွက် Scout နှင့် တော်လှန်ရေးအင်အားစုများအား ထောက်ပို့ခြင်းဖြင့် ပါဝင်တော်လှန်ခဲ့ရာမှ ယခုအခါ တော်လှန်ရေးအချိုးအကွေ့အခြေအနေများနှင့် တော်လှန်ရေးခရီးစဥ် ပိုမိုအရှိန်မြှင့်တင်နိုင်ရန်အတွက် စီစဥ်ခဲ့ရာမှ ယခုအခါ Voice of Mandalay-Front Warriors (Vomdy-FW) အမည်ဖြင့် နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ လက်နက်ကိုင်အင်အားစုဖွဲ့မှု စတင်တည်ထောင်၍ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မန္တလေးမြို့ပေါ်တွင် SAC ကို နည်းအမျိုးမျိုးဖြင့် တော်လှန်နေသောအဖွဲ့များစွာရှိနေပြီး ယခု Voice of Mandalay-Front Warriors (Vomdy-FW) အမည်ဖြင့်ပါ အဖွဲ့တစ်ဖွဲ့ပေါ်လာခဲ့ပြီဖြစ်သည်။