MT News
၁၄. ၁၀. ၂၀၂၃
စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဟောင်းကို အောက်တိုဘာ ၁၃ ရက်နေ့က ဖျက်သိမ်းအပြီးမှာပဲ အသစ်ထပ်မံပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
အသစ်ထပ်မံ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး အဖွဲ့ဝင်ရှစ်ဦး ပါဝင်ပါတယ်။
ပြည်ပက တင်သွင်းသုံးစွဲနေရတဲ့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း ကဏ္ဍကို ပိုမိုထိရောက်စွာ ထိန်းကျောင်း ကိုင်တွယ် ဆောင်ရွက်နိုင်ရေး၊ တင်သွင်းလာတဲ့ စက်သုံးဆီတွေ အရည်အသွေးပြည့်မီရေးနဲ့ ပြည်သူတွေ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ကွပ်ကဲခြင်း ပြုလုပ်ရမဲ့ ဒီကော်မတီဟာ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခ လျော့နည်းနစ်နာမှု မရှိစေရေးနဲ့ ဈေးနှုန်းတွေ စနစ်တကျ ရှိစေရေး ကြီးကြပ်ဆောင်ရွက်ဖို့နဲ့ စက်သုံးဆီ တင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ ဈေးကွက်အတွင်း ရောင်းဝယ် ဖောက်ကားမှု လုပ်ငန်းစဉ်တစ်လျှောက် ဈေးကစားလိုတဲ့ လုပ်ဆောင်မှုတွေနဲ့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ ရောနှောရောင်းချမှု ရှိလာပါက အရေးယူနိုင်ရေး Traceability Record ထားပြီး ကြီးကြပ်သွားဖို့အပါအဝင် တာဝန်တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။