MT News
၁၄. ၁၀. ၂၀၂၃
အမျိုးသမီးများကို ဒူဘိုင်းမြို့သို့ ပို့ဆောင်ကာ လုပ်အားခများ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ဒုက္ခရောက်နေသော မ—၂၂/၂၂ နှစ် ပါ ခုနစ်ဦးကို ကယ်တင်ပေးရန် လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံလွှင့်တင် အကူအညီတောင်းခံမှုနှင့်ပတ်သက်၍ ၎င်းတို့အား အိမ်အကူအလုပ်ရမည်ဟု စည်းရုံးပြီး ဒူဘိုင်းမြို့သို့ ပို့ဆောင်ကာ အခန်းအတွင်း ချုပ်နှောင်၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နေ နော်သောစေး (ခ)မီးမီး၊ မြောက်ဥက္ကလာပ မြို့နယ်နေ မေဖုန်း(ခ)ထက်ထက်(ခ)ကေသီမြင့် နှင့် လမ်းမတော်မြို့နယ်နေ ဆွေဆွေမြင့်(ခ) အသေးလေးတို့ကို တာမွေမြို့မရဲစခန်း(ပ) ၂၈၀/၂၀၂၂၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်၍ သင်္ဃန်းကျွန်းခရိုင် သီးသန့်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့သည်။
ထိုဖြစ်စဥ်အား တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် တရားခံ နော်သောစေး (ခ)မီးမီး၊ မေဖုန်း(ခ)ထက်ထက် (ခ) ကေသီမြင့်နှင့် ဆွေဆွေမြင့်(ခ) အသေးလေး ၎င်းတို့ သုံးဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀)စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုမှုခင်းဖြစ်စဥ်အား MT News သတင်းဌာန ရေးသားခဲ့မှု ပြန်လည်ဖတ်ရှုရန်
ပုံစာ။ ဒူဘိုင်းသို့ လူကုန်ကူးခံရသောအမျိုးသမီးခုနစ်ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့စဥ်မြင်ကွင်း။