MT News
၁၃. ၁၀. ၂၀၂၃
မြန်မာ့လက်ရွေးစင်အသင်းဟာ AFC Futsal Asian Cup 2024 Qualifiers ပြိုင်ပွဲရဲ့ ခြေစစ်ပွဲကို အုပ်စု (င) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု ဒုတိယနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်မှာ ကမ္ဘာ့အဆင့် ငါးဆင့် ခုန်တက်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ အရင် ကမ္ဘာ့အဆင့် ၈၃ ကနေ ၇၈ ကို ခုန်တက်လာတာဖြစ်ပြီး အာဆီယံမှာတော့ ထိုင်းက ကမ္ဘာ့အဆင့် ၂၆ နဲ့ ပထမ၊ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၃၇ နဲ့ ဒုတိယ၊ အင်ဒိုနီးရှားက ကမ္ဘာ့အဆင့် ၄၀ နဲ့ တတိယနေရာမှာရှိနေပြီး မြန်မာကတော့ အာဆီယံမှာအဆင့် ၄ နေရာရပ်တည်နေပါတယ်။
မြန်မာအသင်းဟာ ခြေစစ်ပွဲနောက်ဆုံးပွဲမှာ တာဂျစ်ကစ္စတန်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမဲ့လည်း ပထမပွဲစဥ်မှာ ပါလက်စတိုင်းကို ( ၂- ၁)ဂိုး၊ ဒုတိယပွဲစဥ်မှာ အိန္ဒိယကို ( ၅- ၂)ဂိုးနဲ့ အနိုင်ရခဲ့လို့ ၂ ပွဲကစားပြီးချိန်ကတည်းက ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
AFC Futsal Asian Cup 2024 ပြိုင်ပွဲကို မြန်မာအသင်းနဲ့အတူ အာဆီယံဒေသတွင်းက ထိုင်း၊ ဗီယက်နမ် အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ဂျပန်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ ဘာရိန်း၊ တောင်ကိုရီးယား၊ ကာကျစ်စတန်၊ အာဖဂန်နစ္စတန်၊ ဩစတြေးလျ၊ တရုတ်တို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်ယ
AFC Futsal Asian Cup 2024 ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ၂၀၂၄ ဧပြီ ၁၇ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။