◾ မောင်လေးတွေကို ရင်ပဲခုန်တာ မကြိုက်ရဲဘူး အတည်တွဲဆိုရင်တော့ ကိုကိုတွေကိုပဲတွဲတာပါလို့ ရင်ဖွင့်
၁၃.၁၀.၂၀၂၃
Written By Thandar
တေးသီချင်းကို ရသစုံဖန်တီးတတ်တဲ့ အဆိုတော် ချယ်ရီသင်းကတော့ မောင်လေးအရွယ်တွေနဲ့ ရိုက်ကူးရေးလုပ်ဆောင်ချိန်မှာ မောင်လေးတွေကို ရင်ပဲခုန်တာ မကြိုက်ရဲဘူး အတည်တွဲဆိုရင်တော့ ကိုကိုတွေကိုပဲတွဲတာပါလို့ ရင်ဖွင့်လာပါတယ်။
“မောင်လေးသီချင်းတွေ ဖန်တီးရင် စိတ်တွေကလည်း လတ်ဆတ်သွားတယ်။ မောင်လေးတွေရဲ့ အချစ်ကြောင့် မောင်လေးတွေကို ရည်းစားတော်ချင်သွားတယ်။ “ရော့ယူကွာ ၁၅၀၀” Music Video သီချင်းထွက်ပြီးချိန်မှာ ပရိသတ် ကောင်မလေးတွေက မ လိုပဲခေါ်တုန်းက သီချင်းက နွားဖြစ်ပြီးသွားပြီပေါ့။ ဒါပေမယ့် ဖြစ်ချင် ဖြစ်ပေါ့နော်။ ဒီလိုသီချင်းတွေနားထောင်ပြီး မောင်လေးတွေကို သဘောကျသွားတယ်။ ချယ်ကတော့ မောင်လေးတွေကို ရင်ပဲခုန်တာ။ မကြိုက်ရဲဘူး။ အတည်တွဲဆိုရင်တော့ ကိုကိုတွေကိုပဲတွဲတာပါ” လို့ အဆိုတော် ချယ်ရီသင်းက ပြောပါတယ်။
သူမကတော့ လက်ရှိ “မောင်လိမ္မာရင် မောင့်အတွက်” Music Video သီချင်းသစ်လေးကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ပရိသတ်ကြားထဲမှာတော့ ဒီသီချင်းကို “ရော့ယူကွာ ၁၅၀၀” သီချင်းလို လူသိများနေတာလည်း ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ မောင်လေးတွေကို တကယ်နမ်းမိတာ ရှိပေမယ့် စိတ်ကတော့ မောင်နှမတွေလိုပါပဲလို့ ဆိုပါတယ်။
“ချယ်က အညိုဆင်လည်း ကြိုက်တယ်။ အဖြူဆင်လည်း ကြိုက်ပါတယ် ။ အညိုဆင်တော့ ပိုကြိုက်တယ်။ ကိုယ်ကအဖြူစင်လေးတွဲရတာ အားငယ်ရတာပေါ့။ မောင်လေးတွေ ဘာလိုမကြိုက်လဲဆိုရင် ကြီးရင်မှီ ငယ်ရင်ချီဆိုတာ စကားရှိတယ်။ မိဘစကားနားထောင်တဲ့ သမီးလိမ္မာလေးဆိုတော့ အမေကပြောတယ်။ စည်းကမ်းလည်း မရှိဘူး။ သန့်ရှင်းရေးလည်း မလုပ်။ ချက်ပြုတ်တာလည်း မတတ်ဆိုရင် ကိုယ့်ထက်ကြီးသူကို ယူတဲ့။ ငယ်တဲ့သူယူရင်တော့ အရိုက်ခံရလိမ့်မယ်တဲ့။ ချယ်က ရည်းစားထားတိုင်း ကိုယ့်ထက်အသက် နည်းနည်းလေးကြီးမှ ကြိုက်တာပေါ့။ ခက်တာက ချယ်ဘယ်သူနဲ့ တွဲတွဲ ပြတ်တာကပြတ်တာပါပဲ”လို့ သူမက ဆက်ပြောပါတယ်။