၁၂.၁၀.၂၀၂၃.
Translated by Htwe Ko Tun
ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ဒေသအတွင်း လူနေအိမ်တစ်အိမ်ကို ယူကရိန်းမောင်းသူမဲ့လေယာဉ်တစ်စီးက တိုက်ခိုက်မှုပြုရန်အားထုတ်စဉ် ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ချခဲ့၍ မောင်းသူမဲ့လေယာဉ်ပျက်ကျကာ ၎င်း၏အပိုင်းအစများကြောင့် အိမ်များနှင့် ကားများပျက်စီးကာ လူသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၁ ရက်၊ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် ၂၀း၃၀ နာရီ) တွင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းများကိုအပျက်အစီးများအောက်တွင် ဦးစွာတွေ့ရှိခဲ့ကြသည်။ ထို့နောက် ၎င်းတို့ ခန့်မှန်းသကဲ့သို့ ကလေးငယ်တစ်ဦး၏အလောင်းကို အပျက်အစီးများအောက်တွင် ထပ်မံတွေ့ရှိခဲ့သည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာလည်း မောင်းသူမဲ့လေယာဉ်၏ အပျက်အစီးအပိုင်းအစများကြောင့် ဒဏ်ရာများရရှိကာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့မှုကြောင့် အိမ်တစ်လုံး လုံးဝပျက်စီးကာ နှစ်လုံးမှာ တစ်စိတ်တစ်ပိုင်းစီ ပျက်စီးခဲ့ပြီး ကားသုံးစီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယူကရိန်းမောင်းသူမဲ့လေယာဉ်များက ရုရှားနိုင်ငံ၏ ဒေသခြောက်ခုအတွင်း မောင်းသူမဲ့လေယာဉ်များနှင့်တိုက်ခိုက်မှုများကို ပစ်မှတ်ထားလုပ်ဆောင်လျက်ရှိကြသည်ဟု သိရသည်။
Ref–Al Jazeera, Tass