October 30, 2024

MT News

Written By A Thaung

ကမ္ဘာ့လေထုညစ်ညမ်းမှုကို လျော့ချနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်း လောင်စာဆီစွမ်းအင်သုံး မော်တော်ယာဉ်အသစ် ၃၁၅ သန်းထက်ထက်မပိုသည့်အရေအတွက်သာရောင်းချကြရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ကိုင်နေသည့် Greenspace အဖွဲ့က အစီရင်ခံစာထုတ်ပြန်ပြီး သတိပေးသည်။

ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒသမ ၅ စင်တီဂရိတ်အထိ ကန့်သတ်ထားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်အဓိကထုတ်လွှင့်သည့် လောင်စာဆီစွမ်းအင်သုံးမော်တော်ယာဉ်အသစ်များအား အကန့်အသတ်ဖြင့် သုံးစွဲကြရန် အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်းမှ မော်တော်ကားထုတ်လုပ်သူများသည် လာမည့် ၂၀၄၀ ပြည့်နှစ်တွင် ဒီဇယ်နှင့် ဓာတ်ဆီစွမ်းအင်သုံး ကားသစ်အစီးရေ ၇၁၂ သန်းရောင်းချရန်ပြင်ဆင်နေကြကြောင်း Greenspace အဖွဲ့ကပြောသည်။

ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချနိုင်ရေးသည် ကမ္ဘာ့လူသားအားလုံး၏ အဓိကပန်းတိုင်ဖြစ်ပြီး ၁ ဒသမ ၅ စင်တီဂရိတ်အောက်သာရှိသင့်သည့်အချက်သည် ပါရီသဘောတူညီချက်၏ အဓိကပန်းတိုင်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့မော်တော်ကားထုတ်လုပ်သူများသည် ကမ္ဘာကြီးပူနွေးလာမှုကို လျစ်လျူရှုထားပြီး အရောင်းမြင့်တင်ရေးကိုသာ အာရုံစိုက်နေကြကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

“မော်တော်ကားထုတ်လုပ်သူတွေဟာ လက်ရှိထုတ်လုပ်နေတဲ့မော်တော်ကားတွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမရှိတဲ့ မော်တော်ကားတွေထုတ်လုပ်တဲ့ဘက်ကို ကူးပြောင်းဖို့ အရှိန်မြှင့်တင်ရမယ်” ဟု အစီရင်ခံစာတွင် အကြံပြုပြောဆိုထားသည်။

ဂျပန်ကုမ္ပဏီ Toyota သည် လောင်စာဆီစွမ်းအင်သုံး မော်တော်ယာဉ်အစီးရေ ၅၅ သန်းနှင့် ၇၁ သန်းအကြား ရောင်းချထားမှုမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးစေမည့် အဆိုးရွားဆုံးသော ရောင်းချမှုဖြစ်သည်ဟု ဝေဖန်ထားသည်။

ယခုအစီရင်ခံစာအား ဂျာမနီနိုင်ငံ ဆစ်ဒနီမြို့ရှိ နည်းပညာနှင့် အသုံးချသိပ္ပံတက္ကသိုလ်မှ ပညာရှင်များမှ ရေးသားထားခြင်းဖြစ်သည်။

Source; Khaleej Times

Leave a Reply

Your email address will not be published. Required fields are marked *