MT News
Written by Thettant
တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် ပိုင်ဆိုင်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၉ ဘီလျံရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နိုဝင်ဘာ ၁၀ရက်နေ့ ထုတ်ပြန်သည့် “၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏ ပြည်ပတွင်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းထုတ်ပြန်ချက်”တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရာ ၂၀၂၁ ခုနှစ်အတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၉.၇၃ ဘီလျံရှိပြီး ယမန်နှစ်ထက် ၂၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာကာ ထိုနှစ်ပြည်ပတွင်စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၁ ရာခိုင်နှုန်း၊ အာရှတွင်ရင်းနှီးမြှုပ်နှံမှု၏ ၁၅ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့သည်။ နှစ်ကုန်တွင် ရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ၂၈ ဘီလျံရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုပမာဏ၏ ၅ ရာခိုင်နှုန်း၊ အာရှရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုပမာဏ၏ ၇ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့သည်။
ထို့အတွက် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံက အာဆီယံနိုင်ငံများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံဖွင့်လှစ်သည့် ကုမ္ပဏီပေါင်း ၆၂၀၀ ကျော်ရှိပြီး ပြည်ပဝန်ထမ်း ၅၈၀,၀၀၀ ကျော်ခန့်အပ်ခဲ့သည်ဟု သိရသည်။
အထက်ပါအချက်များအပြင် ပြည်ပတွင်ရင်းနှီးမြှုပ်နှံမှုနိုင်ငံကြီးတည်နေရာ တည်ငြိမ်ခိုင်မြဲလာပြီး ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပြည်ပတွင်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၇၈ ဒသမ ၈၂ ဘီလျံရှိကာ ယမန်နှစ်ထက် ၁၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာကာ ဆယ်နှစ်ဆက်တိုက် တစ်ကမ္ဘာလုံး ထိပ်တန်းသုံးနိုင်ငံတွင် ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်ပတွင် ရင်းနှီးမြှုပ်နှံ စုစုပေါင်း ပိုင်ဆိုင်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉ ထရီလျံရှိပြီး ငါးနှစ်ဆက်တိုက် တစ်ကမ္ဘာလုံး ထိပ်တန်းသုံးနိုင်ငံတွင် ရပ်တည်လျက်ရှိသည်ဟုလည်း သိရသည်။