October 18, 2024

MT News

written by Htwe Ko Tun

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် AFC အာရှဖူဆယ်ဖလားပြိုင်ပွဲ၏ ခြေစစ်ပွဲများကိုကျင်းပလျက်ရှိရာ အုပ်စု E ၌ မြန်မာ အမျိုးသားဖူဆယ်အသင်းကို အိမ်ရှင် တာဂျစ်ကစ္စတန် အမျိုးသားဖူဆယ်အသင်းက အောက်တိုဘာ ၁၁ ရက်တွင် သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။

ယ​နေ့ပွဲရှုံးသော်လည်း အုပ်စု E တွင် မြန်မာက နှစ်ပွဲနိုင်ကာ အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်မြင်ပြီး တာဂျစ်ကစ္စတန်က အုပ်စု ပထမရခဲ့သည်။

အုပ်စု ၈ အုပ်စုမှ ခြေစစ်ပွဲအောင်မြင်သော အသင်း ၁၅ သင်းနှင့် ၂၀၂၄ အိမ်ရှင် ထိုင်းနိုင်ငံအသင်း စုစုပေါင်း ၁၆ သင်းက ၂၀၂၄ ခုနှစ် AFC အာရှဖူဆယ်ဖလားပြိုင်ပွဲတွင် တစ်အုပ်စုလျှင် လေးသင်းစီလေးအုပ်စုဖွဲ့ကာ ကစားရမည်ဖြစ်ပြီး တစ်အုပ်စုလျှင်နှစ်သင်းစီဖြင့် ရှစ်သင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် AFC အာရှဖူဆယ်ဖလား ပြိုင်ပွဲကို ထိုင်းနိုင်ငံ တွင် ကျင်းပသွားမည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *