MT News
၁၂.၁၀. ၂၀၂၃
၂၀၂၂ နှစ်ကုန်တွင် နိုင်ငံတော်၏ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၆၇၆၁၄ ဘီလျံအထိ မြင့်တက်လာပြီး ဂျီဒီပီ၏ ၅၄ ရာခိုင်နှုန်းကျော်အထိ ရှိလာသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ကြွေးမြီများအဖြစ် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၃၄၆၉၉ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၃၈ ဒသမ ၃၆ ရာခိုင်နှုန်း၊၂၀၁၈ ခြောက်လ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၃၅၅၅၀ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၃၇ ဒသမ ၇၁ ရာခိုင်နှုန်း၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၄၀၇၅၀ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၃၈ ဒသမ ၇၁ ရာခိုင်နှုန်း၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၄၇၆၃၇ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၄၂ ဒသမ ၂၄ ရာခိုင်နှုန်းနှင့် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၅၃ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။
ထို့နောက် ၂၀၂၁ – ၂၀၂၂ ခြောက်လ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၉၈၁၆ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၅၂ ဒသမ ၇၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၀၂၂ ခုနှစ် ဒီင်ဘာ ၃၁ ရက်အထိ စာရင်းများအရ စုစုပေါင်း ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၆၇၆၁၄ ဘီလျံရှိပြီး ဂျီဒီပီတွင် ပါဝင်မှုရာခိုင်နှုန်း ၅၄ ဒသမ ၂၆ ရာခိုင်နှုန်း ကြွေးမြီတင်ရှိနေသည်ဟု သိရသည်။
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ ကျပ် ၁၃၈၁၉၅ ဒသမ ၇၀၃ ဘီလျံဖြစ်သည်။