MT News
၁၁. ၁၀. ၂၀၂၃
အစ္စလာမ္မစ်စစ်သွေးကြွဟားမားစ်တို့ကို လက်တုံ့ပြန်တိုက်ခိုက်နေတဲ့ အစ္စရေးတို့ရဲ့ ဂါဇာမြို့ကိုဗုံးကြဲချမှုမှာ ကုလသမဂ္ဂဝန်ထမ်း ၉ ဦးသေဆုံးခဲ့တယ်လို့ UNRWA က X(Twitter) မှာ ဖော်ပြထားပါတယ်။
ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် လူသားချင်းဆိုင်ရာ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ပေးနေတဲ့ UNRWA(The United Nations Relief and Works Agency for Palestine in the Near East) ဟာ Elon Musk ရဲ့ X မှာ သူ့ရဲ့ရုံး ဗုံးကြဲခံထားရတဲ့ပုံနဲ့ ဖော်ပြခဲ့တာဖြစ်ပြီး UN ဝန်ထမ်း ၉ ဦးဟာ စနေနေ့တည်းက သေဆုံးခဲ့တာဖြစ်ကြောင်း၊ ဒီလိုစစ်ပွဲဖြစ်ပွားနေတဲ့ ပဋိပက္ခကာလတွေမှာ အရပ်သားတွေကို ကာကွယ်ပေးဖို့က အရေးအကြီးဆုံးဖြစ်ပြီး စစ်ဘက်ဥပဒေနဲ့အညီ ကာကွယ်ပေးဖို့လိုတယ်လို့လည်း ရေးသားခဲ့ပါတယ်။
UNRWA ရဲ့ ပို့စ်အောက်မှာလည်း အစ္စရေးကို အစ္စလာမ္မစ်အစွန်းရောက်ဟားမားစ်တွေက စတင်တိုက်ခိုက်ပြီး အမျိုးသမီးတွေရော၊ ကလေးငယ်တွေကိုပါ မုဒိမ်းကျင့်တိုက်ခိုက်သတ်ဖြတ်ချိန်မှာ အောင်ပွဲခံခဲ့ကြတဲ့သူတွေက အစ္စရေးရဲ့ လက်တုံ့ ပြန်မှုကိုတော့ ရှုတ်ချခဲ့တာ တွေ့မြင်ရပါတယ်။
အစ္စရေးနဲ့ ဟားမားစ်တို့ရဲ့ အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့ စစ်ပွဲ ၄ ရက်အကြာမှာတော့ နှစ်ဖက်ပေါင်းသေဆုံးသူက ၂၂၀၀ ခန့်အထိ ရှိလာပြီဖြစ်ပါတယ်။