MT News
Written by Nay Moe
အိပ်ပျော်နေသည့် အသက် ၇၀ ခန့် အဖိုးအိုတစ်ဦးကို ဒလန်ဟုဆိုကာ PDF ၈ ဦးက ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၉ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ တောင်ကုန်းကျေးရွာနေ ဦးသိန်းဌေး (၆၈)နှစ်အား PDF များက သတ်ဖြတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးသိန်းဌေးအား ၎င်း၏နေအိမ်အတွင်း ဦးခေါင်း၊ ပခုံးနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ အောက်တိုဘာ ၈ ရက် ည ၈ နာရီခန့်တွင် ဦးသိန်းဌေးသည် နေအိမ်အတွင်း အိပ်နေစဉ် PDF ၈ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PDF များက ဦးသိန်းဌေးမှာ USDP ပါတီဝင်ဖြစ်ကြောင်း၊ ပြည်သူ့စစ်တာဝန်ခံဖြစ်ကြောင်း၊ တပ်သတင်းပေး ဒလန်ဖြစ်၍ သတ်ဖြတ်ရကြောင်း အကြောင်းပြချက်မျိုးစုံပေးထားသည်ကိုလည်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် ဩဂုတ်လအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြ-တ်မှုခံထားရသည်။