MT News
Written by Nay Moe
တပ်မတော်အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူမဟန်နွေဦးကို ပခုက္ကူမြို့မှာရှိတဲ့ မိသားစုပိုင် မတုတ်မ၏ အောင်ဆင်မင်း စျေးဆိုင်မှာ ရှိနေချိန် လူသုံးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်မှု မြင်ကွင်းဖြစ်ပါတယ်။
CCTV မှတ်တမ်းအရ ဆိုင်တွင်းဝင်လာသူ လူငယ်နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ မဟန်နွေဦးကိုသာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး တခြားလုယက်သတ်ဖြတ်မှုတွေ မပြုလုပ်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
Mask အုပ်ထားမှုမရှိတဲ့ လူငယ်သုံးဦးဟာ FZ ဆိုင်ကယ်၊ 110 ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ဖမ်းဆီးတာဖြစ်ပြီး မဟန်နွေဦးကိုတော့ 110 ဆိုင်ကယ်ပေါ်မှာ လူငယ်တစ်ဦးက ရှေ့ကမောင်းနှင်ပြီး အလယ်မှာ မဟန်နွေဦးကို ဖမ်းဆီးကာ နောက်မှာတော့ အမျိုးသမီးငယ်တစ်ဦးက ထိုင်လိုက်ဖမ်းဆီးသွားတဲ့မြင်ကွင်းကို တွေ့ရပါတယ်။ လူငယ်သုံးဦးမှာ ခြောက်လုံးပြူးနဲ့ ပစ္စတိုတွေပါလာတယ်လို့လည်း သိရပါတယ်။