MT News
written by KL
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ထောင်တလုပ်ရပ်ကွက်၊ အမှတ်(၇)လမ်းရှိ စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)ဝန်းတွင် ရေဝင်ရောက်သဖြင့် ဆေးရုံတက်နေသော လူနာ ၃၀၀ ခန့်ကို ရေလွတ်ရာအဆောင်များသို့ ရွှေ့ပြောင်းပေးထားရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ပြီးခဲ့သော ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ရေမြင့်တက်ခြင်းတို့ကြောင့် အနိမ့်ပိုင်းဖြစ်သည့် ဆေးရုံဝင်း၏ လျှောက်လမ်းနှင့် လူနာဆောင်များသို့ ရေဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ လူနာများရွေ့ပြောင်းရခြင်းဖြစ်သည်။
ရွေ့ပြောင်းရသော လူနာများမှာအမျိုးသမီးလူနာ ၂၄၀ ခန့်နှင့် အမျိုးသားလူနာ ၅၀ ခန့်ဖြစ်ပြီး ဆေးရုံအစီအစဥ်ဖြင့် ရွှေ့ ပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြီးစီးမှုကို ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက လာရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံအတွက် လှူဒါန်းငွေများပေးအပ်ခဲ့သည်။
ပုံစာ။ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ ရေဝင်ရောက်မှုမြင်ကွင်းအချို့( Photo- Credit)