၁၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
ဥရောပသမဂ္ဂ၏ စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ သာရီ ဘရက်တန်က ဟားမားစ်အုပ်စု အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှုစတင်သည်မှစ၍ ဘီလျံနာ အီလွန်မတ်စ်ခ် ၏ တွစ်တာ လူမှုကွန်ရက်ပလက်ဖောင်းပေါ်တွင် မမှန်မကန်သတင်းများပျံ့နှံ့နေမှုအပေါ် ဥရောပသမဂ္ဂ၏ အွန်လိုင်း စည်းကမ်းများနှင့်ကိုက်ညီစေရန် အီလွန်မတ်စ်ခ်က ထိန်းချုပ်ရန်လိုအပ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ဘရက်တန်က ယခင်က တွစ်တာဟုသိကြသော X လူမှုကွန်ရက်မှာ ဥပဒေနှင့်မညီသော အကြောင်းအချက်များနှင့် မမှန်မကန်သတင်းများ ဥရောပသမဂ္ဂအတွင်း ပျံ့နှံ့ရန် အသုံးချခြင်းကိုခံနေရကြောင်းလည်း ပြောကြားခဲ့သည်။ ဘရက်တန်က အီလွန်မတ်စ်ခ် ထံပေးပို့သောစာတွင် X လူမှုကွန်ရက်၏ စနစ်များကို ထိရောက်မှုရှိစေရေး အာမခံနိုင်ရန် အမြန်ဆုံးဆောင်ရွက်သွားစေလိုကြောင်းလည်း ဖော်ပြခဲ့သည်။သို့ရာတွင် ဘရက်တန်က မမှန်မကန်သတင်းများက မည်သည်တို့ကို ရည်ညွှန်းသည်ဆိုခြင်းအား အသေးစိတ်ကိုမူ မပြောကြားခဲ့ချေ။
ဘရက်တန်၏ X တွင် ရေးသားချက်စာအား ပြန်လည်တုံ့ပြန်ခဲ့ရာ၌ အီလွန်မတ်စ်ခ်က ၎င်း၏ကုမ္ပဏီမူဝါဒက အရာအားလုံးကိုပွင့်လင်းသော အရင်းအမြစ်နှင့် ထင်သာမြင်သာရှိစေရေးဖြစ်ကြောင်း၊ စည်းကမ်းချိုးဖောက်မှုများ X ပေါ်တွင်တွေ့ရှိပါက စာရင်းပြုစုထားစေလိုကြောင်း၊ သို့မှသာ လူမှုကွန်ရက်သုံးစွဲသူပြည်သူများကလည်း သိရှိနိုင်ကြမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဘရက်တန်ကမူ “မတ်စ်ခ် အနေနဲ့ ဒီအတွက် ပြဿနာဖြစ်နေရတာ သိမှာပါ။ သူ့အနေနဲ့ လူမှုကွန်ရက် သုံးစွဲသူတွေနဲ့ အာဏာပိုင်တွေကြား ပြဿနာတွေ၊ ကမ္ဘာကြီးမှာ အကြမ်းဖက်ဆောင်ရွက်မှုတွေက နေရာအနှံ့ပျံ့နှံ့လာတာတွေအပေါ် လုပ်ကြံသတင်းတွေရှိနေတယ်” ဟု လူမှုကွန်ရက် X တွင် ပြန်လည်ရေးသားခဲ့သည်။
Ref—–Reuters