October 18, 2024

မဟန်နွေဦးအား ပြန်လည်ကယ်ဆယ်နိုင်ခဲ့မှုကို တွေ့ရစဥ်

MT News

Written by Nay Moe

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ တပ်မတော်အရာရှိတစ်ဦးဇနီးအား PDF များ ဖမ်းဆီးသွားမှုကို ကွန်မန်ဒိုများဖြင့် လိုက်လံကယ်ဆယ်ရာ အချိန် ၉ နာရီခန့်အတွင်း ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ဟု SAC က နိုဝင်ဘာ ၁၀ ရက်နေ့ညတွင် ကြေညာချက်ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၊ အမှတ်(၁)ရပ်ကွက်နေသူ အမျိုးသမီး တစ်ဦးအား NUGI CRPH တို့၏လက်ဝေခံ PDF များက နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အထက်ပါရပ်ကွက်နေ “အောင်ဆင်မင်း” လက်ဖက်နှင့် အကြော်စုံ ဆိုင်ပိုင်ရှင်အရာရှိတစ်ဦး၏ဇနီးဖြစ်သူ မဟန်နွေဦး(ဘ) ဦးဇော်ဦးတင် သည် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ၎င်း၏ နေအိမ်ရှေ့၌ ဆွမ်းလောင်းနေစဉ် PDF အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။ ယင်းနောက် မဟန်နွေဦး၏ မိသားစုဝင်များနှင့် ဝန်ထမ်းများအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ နေအိမ်အတွင်းရှိ ဆွဲကြိုး ၁ ကုံး၊ နားကပ် ၁ ရံ၊ လုပ်ငန်းသုံးနှင့် ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း ၈ လုံးတို့အား ယူဆောင်ပြီး မဟန်နွေဦးအား ရေစကြိုမြို့နယ်၊ ဥက္ကံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားလျင်ဖြစ်ပွားချင်း နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ သတင်းဆက်စုံစမ်းမေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ နယ်မြေတည်ငြိမ် အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများအရ မဟန်နွေဦးအား မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်တမံ(ဒေသအခေါ်)တောင်ရွာဆည် ရှင်းလင်းဆောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

အဆိုပါနေရာသို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများဆောင်ရွက်ခဲ့ရာ PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခဲ့သူများသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်တို့သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကာ မဟန်နွေဦးအား ဘေးကင်းလုံခြုံစွာဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ပြန်လည်ကယ်တင်နိုင်ခဲ့သည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မဟန်နွေဦးအား ဖမ်းဆီးချုပ်နှောင်ခဲ့သည့် တောင်ရွာဆည်ပတ်ဝန်းကျင်တစ်ဝိုက်သို့ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *