၈.၁၀.၂၀၂၃
translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ Siam Paragon စျေးဝယ်စင်တာ၌ အောက်တိုဘာ ၃ ရက်က အသက် ၁၄ နှစ်ရှိ ထိုင်းလူငယ်တစ်ဦး၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရ သော မြန်မာအမျိုးသမီး၏မိခင်အား ပစ်ခတ်သူလူငယ်၏ ဖခင်က အောက်တိုဘာ ၇ ရက်တွင် တည်းခိုရာနေရာသို့ လာရောက်ရှိခိုးကန်တော့ကာ တောင်းပန်မှု ပြုခဲ့ကြောင်းသိရသည်။
သေဆုံးသူမြန်မာအမျိုးသမီး၏ မိခင်ကြီးက မိမိအနေဖြင့်လည်း ဤအဖြစ်မျိုးမကြုံချင်ကြောင်း၊ ကံတရားအတိုင်းဖြစ်ရသည်ဟုသာ မှတ်ယူပါကြောင်း၊ သားသမီးချင်းလည်းစာနာပါကြောင်း၊ မိမိသမီးကလိမ္မာ၍ ဆုံးရှုံးရသော်လည်း ဖြေသိမ့်နိုင်ပါသေးကြောင်း၊ သားသမီးက မလိမ္မာ၍ ဤကဲ့သို့ ပြုမူသွားခဲ့သော ဖခင်တစ်ဦး၏အဖြစ်ကို မိမိအနေဖြင့် နားလည်ကိုယ်ချင်းစာမိပါကြောင်း ပြန်လည်အားပေးစကားပြောခဲ့သည်။
ပစ်ခတ်သူလူငယ်၏ဖခင်က စာအိတ်ထဲတွင် ငွေကြေးထည့်၍ တောင်းပန်သည့်အနေဖြင့်ပေးခဲ့သော်လည်း သေဆုံးသူ မြန်မာအမျိုးသမီး၏ မိခင်ကြီးက မိမိလက်မခံလိုပါကြောင်း၊ သမီးဖြစ်သူကို ထိုအရာများနှင့်မလဲနိုင်ကြောင်း၊ အလွန်လိမ္မာသောသမီးဖြစ်၍ ငွေကြေးနှင့်မလဲနိုင်ကြောင်း၊ ထိုသို့ပေးလျှင် ပို၍ဝမ်းနည်းရပါကြောင်း၊ မယူလိုပါကြောင်းပြောကြားကာ ငြင်းဆန်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ မြန်မာ အမျိုးသမီး၏မိခင်နှင့်ဆွေမျိုးများမှာ သမီးဖြစ်သူ အသုဘအခမ်းအနားအတွက် ဘန်ကောက်မြို့သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။
ပစ်ခတ်မှု၌ သေဆုံးသူအခြားတစ်ဦးဖြစ်သည့် တရုတ်အမျိုးသမီးမှာလည်း အမြွှာရင်သွေးသားသမီးများ၏ မိခင်ဟု သတင်းများကဆိုသည်။
Ref–Bangkok Guide for You