October 19, 2024

၈. ၁၀. ၂၀၂၃

Written by Tha Doe

ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၃ ရက်က Siam Paragon Shopping Mall ပစ်ခတ်မှုဖြစ်စဉ်၌ ကျည်ထိမှန် သေဆုံးခဲ့သော မမိုးမြင့် (၃၁-နှစ်)၏ ဈာပနအား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် Wat Phasuk Maneechak ဘုန်းတော်ကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

မမိုးမြင့်သည် ထိုင်းနိုင်ငံသား အသက် ၁၄ နှစ်အရွယ်လူငယ်၏ ပစ်ခတ်မှုတွင် သေဆုံးရသူအမျိုးသမီးနှစ်ဦးအနက်တစ်ဦးဖြစ်ပြီး ထိုသေဆုံးမှုအတွက် ထိုင်းဘတ် ၆ ဒသမ ၂ သန်းကျော် လျော်ကြေးရမည် ဖြစ်သလို ပစ်ခတ်သူလူငယ်၏ ဖခင်ကလည်း မမိုးမြင့်မိခင်ကို ရှိခိုးတောင်းပန်ခဲ့သလို မမိုးမြင့်၏အလုပ်ရှင်ကလည်း ကျန်ရစ်သူမိသားစုကို လစဥ် ဘတ် ၁၀၀၀၀ ထောက်ပံ့မည် ကတိပြုခဲ့သည်။

This image has an empty alt attribute; its file name is 387131439_122125463792030934_166092675052980704_n.jpg

ထို့အတူ မမိုးမြင့် သေဆုံးရခြင်းအတွက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က လွမ်းသူပန်းခွေပေးပို့ခဲ့သလို လိုအပ်သည်များကူညီခဲ့ပြီး မမိုးမြင့်၏ ဈာပနမီးသင်္ဂြိုဟ်ခြင်းသို့ တက်ရောက်ခဲ့သော ထိုင်းနိုင်ငံတရားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Tawee Sodsong နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ Take Toys Co., Ltd မှ တာဝန်ရှိသူများ၊ ပအို့(ဝ်) တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ၊ သတင်းမီဒီယာများအား မြန်မာသံရုံးနှင့် မမိုးမြင့်မိသားစုမှ ကျေးဇူးတင်ရှိကြောင်းလည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *