October 19, 2024

၉. ၁၀. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့တို့သည် လောက်ကိုင်မြို့အ တွင်း တရားမဝင်စီးပွားရေးလုပ်ငန်းများလာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃၃၇ ဦးကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ အောက်တိုဘာ ၇ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် ထိုင်းအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင်လုပ်ကိုင်စေရန်အတွက် မြင့်မားသောလစာဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရမည်ဟု မက်လုံးပေး ခေါ်ယူမှုများရှိခဲ့ဖူးကြောင်း သိရသည်။

This image has an empty alt attribute; its file name is %E1%81%82.jpg

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအာဏာပိုင်များသည် ဖမ်းဆီးထားသော တရုတ်နိုင်ငံသား ၃၇၇ ဦးကို ရန်လုံကျိုင်းနယ်စပ်ဖြတ်ကျော်ရေးစခန်း၌ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါတရုတ်နိုင်ငံသားအားလုံးသည် တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ကိုးကန့်ဒေသသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိပြီး ပြန်လည်လွှဲပြောင်းပေးခဲ့သူ အများစုကို လောက်ကိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် တရုတ်၊ မြန်မာ၊ လာအိုနှင့်ထိုင်းနယ်စပ် တစ်လျှောက်တွင် Grey Business လုပ်ငန်းများကိုလုပ်ကိုင်နေသူဖြစ်ပြီး မြန်မာအပါအဝင် ၄ နိုင်ငံအစိုးရအတွက် အခက်အခဲပြဿနာများကို ဖန်တီးနေသူများဖြစ်ကြောင်း ထိုင်းအခြေစိုက် Mgronline သတင်းတွင်ဖော်ပြထားသည်။

This image has an empty alt attribute; its file name is %E1%81%83.jpg

လောက်ကိုင်မြို့သည် ရှမ်းပြည်နယ် လားရှိုးမြို့၏ အရှေ့မြောက်ဘက်တွင်တည်ရှိနေပြီး လားရှိုးမြို့မှ ၁၁၇ မိုင်၊ ရန်ကုန်မြို့မှ မိုင်ပေါင်း ၁,၀၀၀ နီးပါးအကွာဝေးတွင်ရှိနေသည့်မြို့ဖြစ်သည်။ မြန်မာအစိုးရသည် တရုတ်၊ လာအို၊ ထိုင်း နှ​င့်ပူးပေါင်းပြီး မြန်မာနယ်စပ်ဒေသတစ်လျှောက်တွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများကိုအသုံးပြုကာ လိမ်လည်မှုများ၊ ရာဇဝတ်မှုများကျူးလွန်နေသူများနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ဖြိုခွင်းရန် အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီးနောက် ဖမ်းဆီးရမိသူများကို တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးမှုများကို မကြာခဏ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော စက်တင်ဘာလကလည်း ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာဏာပိုင်များသည် အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှုများကျူးလွန်နေသည့် တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Ref; mgronline

Leave a Reply

Your email address will not be published. Required fields are marked *