◾ မုန်လိုင်ခက်စခန်းအနီး KIA က ယမ်းတန်ချိန် ၁၀၀ ခန့် သိုလှောင်ခဲ့၍ ပေါက်ကွဲသေဆုံးမှုဖြစ်ခဲ့ရ
၁၁. ၁၀. ၂၀၂၃
Written by Nay Moe
မုန်လိုက်ခက်ဒုက္ခသည်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တွေအပါအဝင် လူ ၂၉ ဦးလောက် သေဆုံးရတဲ့ဖြစ်စဥ်ဟာ KIA သိုလှောင်ထားတဲ့ ယမ်းတွေ ပေါက်ကွဲလို့ဖြစ်တာလို့ ဖော်ထုတ်ရေးသားသူကို သ-တ်ဖြတ်မယ်လို့ ခြိမ်းခြောက်ကြတာကြောင့် အသေးစိတ်ဖြစ်စဥ်တွေကို သူကပဲ ထပ်မံဖွင့်ချလာပါတယ်။
မုန်လိုင်ခက်သေဆုံးမှုဟာ လေကြောင်းတိုက်ခိုက်မှုလို့ မီဒီယာတွေက မှားယွင်းရေးသားနေပေမဲ့ KIO/ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ခိုက်မှုက လေယာဥ်မဟုတ်ဘဲ Drone နဲ့ ပစ်တာဖြစ်တယ်လို့ ပြောထားသလို SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မုန်လိုက်ခက်ကို တိုက်ခိုက်ခဲ့မှူမရှိဘဲ KIA သိုလှောင်ထားတဲ့ ဒရုန်းဗုံးတွေပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။
အဲဒီအချိန်မှာ Nhkum Naw Seng အကောင့်ကလည်း ကချင်ဘာသာစကားနဲ့ ဒီဖြစ်စဥ်က KIO/KIA သိုလှောင်ထားတဲ့ ယမ်းတွေပေါက်ကွဲတာလို့ ဖော်ထုတ်ရေးသားလာပါတယ်။ ကနဦးသူ့ရေးသားချက် မြန်မာပြန်ဆိုမှုက “စောစောက ပြောသားပဲ။ ငါတို့နားလာပြီး သင်တန်းတွေဖွင့်နေတာ တစ်ချိန်ကျ ငါတို့ပါ ကြားညပ်ပြီး ဒုက္ခရောက်ရမယ်ဆိုတာ ငါပြောသားပဲ။ သူတို့တွေထားတဲ့ ခဲယမ်းတွေရှိတဲ့နေရာကို ကလေးတွေ သွားသွားမဆော့ဖို့ ပြောခဲ့တာပဲလေ။ ခုလိုခဲယမ်းတွေ ထ ပေါက်ကွဲတော့ ဘယ်သူက တာဝန်ယူပေးမှာလဲ။ ကြည့်လေ။ ဟိုမှာ သစ်ပင်တွေရော ကားတွေရော အားလုံးပါသွားပြီ။ ဘာမှမရှိတော့ဘူး။ လုပ်ငန်းလုပ်ဖို့လည်း မရှိတော့ဘူး။ မီးလောင်လို့ အကုန်ကုန်ပြီ။ ဘောလုံးကွင်းလုပ်ဖို့ လျာထားတဲ့ ဘတ်ဟိုးတွေလည်းသုံးမရတော့ဘူး။ ယမ်းတွေကို ငါတို့နားပုံထားတော့ အကုန် ကုန်ပြီပေါ့။ မနေ့ညကအကုန်သေကုန်ပြီ” လို့ ရေးသားခဲ့ပါတယ်။
KIO/ KIA ဟာ အရင်တုန်းကလည်း လိုင်ဇာနားမှာ လက်နက်တိုက်ပေါက်ကွဲတဲ့ဖြစ်စဥ်ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း သတင်းဖုံးခဲ့သလို အခုဖြစ်စဥ်ကလည်း သူတို့ပေါ့ဆမှုကြောင့် ယမ်းတွေပေါက်ကွဲလို့ မုန်လိုင်ခက်ဒုက္ခသည်စခန်းက ကလေးတွေသေဆုံးကုန်တာကြောင့် တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းကို ထိုးချတာလို့ ဝေဖန်နေချိန်မှာပဲ Nhkum Naw Seng အကောင့်က ဒီပေါက်ကွဲမှုဖြစ်စဥ်က KIO/KIA ယမ်းတွေကြောင့်လို့ ဖွင့်ချလာတာကြောင့် ရေးသားသူကို သ-တ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေပြုလုပ်လို့ Nhkum Naw Seng အကောင့်ကလည်း အသေးစိတ်အချက်အလက်တွေကို ထပ်မံရေးသားတဲ့ပို့စ်တစ်ခု ထပ်တင်လာပါတယ်။
Nhkum Naw Seng အကောင့် ကချင်လိုထပ်မံရေးသားတဲ့ ပို့စ် မြန်မာပြန်က “မနေ့က မုန်လိုင်ခက်မှာ ပေါက်ကွဲမှု ဖြစ်တာနဲ့ ပတ်သက်ပြီး သတင်းတင်လို့ ကျုပ်ကို သ-တ်မယ်ဆိုပြီး ခြိမ်းခြောက်နေကြတယ်။ အေး … အဲဒီလိုခြိမ်းခြောက်လို့ ငါသိတာတွေထဲက နည်းနည်းလောက်ပြောပြမယ်။ မနေ့က ပေါက်ကွဲတဲ့ ဂိုဒေါင်နေရာက ဒေါ်အားလီနဲ့ KIA လူကြီးတွေပိုင်တဲ့နေရာဖြစ်ပြီး PDF တွေအတွက် Drop Bomb လုပ်ဖို့ ယမ်း တန်ချိန် ၁၀၀ ခန့် စုဆောင်းထားတဲ့နေရာ ဖြစ်တယ်။ နောက်ထပ် ရေအားလျှပ်စစ်နားက ဂိုဒေါင်မှာလည်း တန် ၃၀၀၀ လောက်ရှိတဲ့ ယမ်းတွေ သိမ်းထားသေးတယ်။ ဒီကိစ္စတွေကြောင့် တရုတ်နယ်စပ်မှာလည်း တရုတ်ရဲတွေကပိတ်ထားပြီး ဘယ်သူ့မှ ဝင်ခွင့်မပေးတော့ဘူး။ ငါ့ကိုနောက်ထပ်လာပြီး ခြိမ်းခြောက်မယ်ဆိုရင် ဒီထက်ပိုပြီး အသေးစိတ်ထပ်ဖော်မယ်” လို့ ထပ်မံရေးသားခဲ့ပါတယ်။