October 20, 2024

၉. ၁၀. ၂၀၂၃

Written by Nyein Kyaw

ပဲခူးတိုင်းဒေသကြီးအတွင်း ၅၉ နှစ်တွင်း အမြင့်ဆုံးမိုးရေချိန်ဖြင့် ပဲခူးမြစ် ရေကြီးမှုကြောင့် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ ၄ ရွာရှိ အိမ်ခြေ ၁၃၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၅၆၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း၊ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ ကူညီကယ်ဆယ်ရေး ယာယီစခန်းများဖွင့်လှစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားထားသည်။

အောက်တိုဘာ ၅ ရက်မှ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ ၈၈၀ စင်တီမီတာကျော်ကာ စိုးရိမ်ရေမှတ် ၉၇၀ စင်တီမီတာ ရောက်ရှိခဲ့သည်။ မြစ်ဝဲ/ယာ အနိမ့်ရပ်ကွက်ပေါင်း ၁၂ ရက်ကွက်၊ ကျေးရွာပေါင်း ၄ ရွာ ရေကြီးနစ်မြုပ်ခဲ့သည်။ ၅၉ နှစ်အတွင်း အမြစ်ဆုံးမိုးရေချိန် ၇ ဒသမ ၈၇ လက်မဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ကယ်ဆယ်ရေးစခန်း ၂၄ ခု၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားကာ အိမ်ခြေ ၁၃၀၀ ခန့်၊ လူဦးရေ ၅၆၀၀ ခန့် စောင့်ရှောက်ထားခြင်းဖြစ်သည်။ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဆောင်ပြီး စခန်းများအတွက် ဆန်၊ ဆီ၊ ငပိ၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ဟင်းသီးဟင်းရွက်၊ အာလူး၊ ကြက်သွန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်များ ပေးပို့ဆောင်ရွက်ထားကြောင်း၊ ဌာနဆိုင်ရာ၊ အလှူရှင်များကလည်း နေ့ရောညပါ ထမင်းထုပ်များ လှူဒါန်းလျက်ရှိကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *