၁၁. ၁၀. ၂၀၂၃
written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ညိုးမီးကျေးရွာတွင်ရှိသည့် ဘုရားကုန်းရေလှောင်တမံ(ဒေသအခေါ်-
ညိုးမီးဆည်)တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှသိရသည်။
အဆိုပါ အမျိုးသားမှာ အောက်တိုဘာ ၉ ရက်က လာရောက်လည်ပတ်ခဲ့ပြီး မွန်းလွဲပိုင်းခန့်က စတင် ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကာ ရေနစ်သူကို တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖတို့က ရှာဖွေရာ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“သေဆုံးတဲ့သူက စိန်ပန်းရပ်ကွက်က။ သူရေကူးတဲ့နေ့က မိုးက သည်းကြီးမဲကြီးရွာနေတော့ ရေနစ်ချိန်မှာ ရှာရတာအခက်အခဲတွေရှိတယ် “ဟု ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူ တစ်ဦးက ပြောသည်။
ညိုးမီးဆည်သည် တောင်ကြီးနှင့် နီးသဖြင့်လာရောက် လည်ပတ်သူများပြားကြောင်း ဒေသခံများထံမှသိရသည်။
နေစ်သေဆုံးသူ၏ ရုပ်အလောင်းကို စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။