၁၁. ၁၀. ၂၀၂၃
Written by Zaw Moe
KIA အဖွဲ့က ဖမ်းဆီးသွားသည်ဆိုသော ဖားကန့်မြို့နယ်၊ အခွန်ဦးစီးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယမြို့နယ်ဦးစီးမှူးတို့ကို ပြန်လည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ အခွန်ဦးစီးရုံမှ ဝန်ထမ်းများ KIA မှ ဖမ်းဆီးသွားကြောင်း သတင်းများထွက်ပေါ်လာမှုအပေါ် မေးမြန်းမှုများအား သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မြေပြင်သတင်းအရ ဝန်ထမ်းများ ဖမ်းဆီးခံရခြင်းအား အတည်ပြုပါသည်။ ဝန်ထမ်းများ ပြန်လည်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း” သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ဖားကန့်မြိုနယ် အခွန်ဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးတစ်ဦးအား KIA က ဖမ်းဆီးသတ်ဖြတ်မှုခံခဲ့ရဖူးကြောင်း သိရသည်။