၁၁. ၁၀. ၂၀၂၃
Written by Nay Moe
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝဇွမ်းချောင်းရွာရှိ “တောင်ပိုင်းကမ္ဘာ” သတ္ထု တူးဖော်ရေး ကုမ္ပဏီပိုင်ဆိုင်ပြီး လုပ်ငန်းများခေတ္တရပ်နားထားသည့် “ဇော်ဖိုးလ”လုပ်ငန်းခွင်မှ အဆောက်အဦများနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များအား PDF များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီတွင် ထားဝယ်မြို့နယ်၊ ဝဇွမ်းချောင်းရွာရှိ “တောင်ပိုင်းကမ္ဘာ” သတ္ထုတူးဖော်ရေးကုမ္ပဏီပိုင်ဆိုင်ပြီး လုပ်ငန်းများခေတ္တရပ်နားထားသည့် “ဇော်ဖိုးလှ”လုပ်ငန်းခွင်သို့ စောကောလာဖိုး ဦးဆောင်သည့် PDF ၅၀ ဦးခန့် ရောက်ရှိလာပြီး လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းရုံးအဆောက်အဦ ၁ လုံး၊ ဂိုဒေါင် ၁ လုံး၊ လူနေအဆောင် ၁ လုံး၊ စက်ရုံအဆောက် အဦ ၁ လုံး၊ ဘတ်ဟိုးယာဉ် ၁ စီး၊ ဘူဒိုဇာယာဉ် ၁ စီးနှင့် လုပ်ငန်းသုံးအပေါ့စားယာဉ်(Mini car) ၅ စီး တန်ဖိုး (စိစစ်ဆဲ)တို့အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုသို့အများပြည်သူပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တောင်ပိုင်းကမ္ဘာသတ္ထုတူးဖော်ရေးလုပ်ငန်းသည် ဇော်ဖိုးလနှင့် ဇော်ဖိုးကျင်အမည်ရှိလုပ်ကွက်နှစ်ခုကို လုပ်ကိုင်နေပြီး ယခင်အစိုးရဟောင်းလက်ထက် ၂၀၁၉ ခုနှစ်တွင် ဇော်ဖိုးလအလတ်စားလုပ်ကွက်ကို နှစ် ၃၀ လုပ်ပိုင်ခွင့်ရခဲ့သည့်ကုမ္ပဏီဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။