October 23, 2024

ဆီတင်သင်္ဘောယာဥ်မီးလောင်နေမှု မြင်ကွင်းကို တွေ့ရစဥ် (Photo-MFSD)

MT News

Written by Thettant

ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စီးမီး​လောင်သဖြင့် မီးသတ်ရေယာဥ်ခြောက်စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီ ၃၅ မိနစ်ခန့်အချိန်တွင် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ လင်းစဒေါင်းတံတားအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ရာ လောင်ကျွမ်းမှုမှာ မြစ်လယ်တွင် ဖြစ်နေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ရေယာဉ်(၅)စီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မီးသတ်သင်္ဘော(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ဆီတင်သင်္ဘောမီးလောင်နေတာလို့ပြောတယ်။ ပေါက်ကွဲသံအကျယ်ကြီးနဲ့ လောင်နေတာ။ အခုတော့ မီးခိုးငွေ့တွေလောက်ပဲမြင်ရတော့တယ်”ဟု အဆိုပါဖြစ်စဥ်အနီးရောက်ရှိနေသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်နေ့တွင်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *