၁၀. ၁၀. ၂၀၂၃
Written By Thandar
ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် နီနီလင်းအိမ်က ပဲခူးမြို့ စံချိန်တင် ရေကြီးရေလျှံမှုကြုံနေတဲ့ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောလာပါတယ်။
“Pray & Help Bago ပဲခူးမြို့အတွက် နီနီလင်းအိမ်ကလည်း စိတ်မကောင်းဖြစ်နေရတယ်။ ပဲခူးမြို့ရှိ မိဘပြည်သူများ ဘေးရန်ကင်းပြီး အစစအရာရာ အဆင်ပြေဖို့ဆုတောင်းပေးလိုက်ကြောင်း သတင်းစကားပါးလိုက်ရပါတယ်” လို့ Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။
သူမရဲ့ မိခင်ဖြစ်သူနဲ့ မောင်ဖြစ်သူတို့ကလည်း ပဲခူးမြို့အထိ သွားရောက်ပြီးတော့ လိုအပ်တဲ့နေရာတွေကို အသုံးပြုဖို့အတွက် ငွေကျပ် ၁၅ သိန်းကို ကိုယ်တိုင်လည်း သွားရောက် လှူဒါန်းခဲ့ပါတယ်။
“မိဘပြည်သူ၊ ပရိသတ်များမှလည်း မိမိတတ်နိုင်သလောက် ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်” လို့သူမ ဆက်ပြောလာပါတယ်။
အောက်တိုဘာ ၃ ရက်အနေ အောက်တိုဘာ ၂၅ ရက်အထိ ဗီယက်နမ်နိုင်ငံမှာ ၁၁ကြိမ်မြောက် ကျင်းပနေတဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးကိုလည်း အာဆီယံနိုင်ငံတွေက အလှမယ်တွေနဲ့ အတူ နီနီလင်းအိမ်က ဝင်ရောက်ယှဉ်ပြိုင်နေလျှက်ရှိပါတယ်။