October 23, 2024

MT News

Written by Tha Doe

လျှပ်စစ် EV ယာဥ်များ၏ အကောက်ခွန်နှုန်းများအား သုညရာခိုင်နှုန်းသို့ လျှော့ချလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up- CBU စနစ် Completely Knocked Down- CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အကောက်ခွန်နှုန်းသုညရာခိုင်နှုန်းသို့ လျှော့ချခဲ့သည့် EV ယာဥ်များမှာ လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ်(Road tractor for Semi-trailer)၊ယာဉ်မောင်း အပါအဝင် (၁၀)ဦး သို့မဟုတ် (၁၀)ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင်မော်တော်ယာဉ် (Bus-Motor Vehicles for the transport of ten or more person including the driver)၊ ကုန်တင်ယာဉ် (Truck)၊လူစီးယာဉ် (Motor Vehicles for the transport of person)၊ သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled vehicles for transport of person)၊ သုံးဘီးတပ်ယာဉ် (ကုန်တင်) (Three-wheeled vehicles for transport of Goods)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ် (Electric Motorcycle)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး ( Electric Bicycle)၊ လူနာတင်ယာဉ် (Ambulances)၊ (Prison Vans) နှင့် နိဗ္ဗာန်ယာဉ် (Hearses) တို့ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *