October 20, 2024

၉. ၁၀. ၂၀၂၃

Written By Thandar

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် Channel 7 က HEY Play ရဲ့ Original Series တွေကို ထုတ်လွှင့်ပြသမယ့် မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့ Channel 7 ကတော့ လွန်ခဲ့ ၂၀၁၂ ခုနှစ်ထဲက ထုတ်လွှင့်ခဲ့တာ ခုဆိုရင် ၁၁ နှစ်သက်တမ်းမှာ အောင်မြင်အောင်ရောက်ရှိနေပါပြီ။ ပရိသတ်ကြိုက်တဲ့ Channel တစ်ခုအနေနဲ့ရပ်တည်နိုင်တာက အနုပညာရှင်တွေ ဖန်တီးမှုတွေကြောင့်ပါ။ ဗဟုသုတရစေမယ့် အစီအစဉ်ကောင်းတွေလည်း တင်ဆက်ပြသခဲ့ပါတယ်။ နိုင်ငံတကာရုပ်သံဇာတ်ကားတွေကိုလည်း တရားဝင်လိုင်စင်ဝယ်ယူပြီး မြန်မာမှုပြုထုတ်လွှင့်ပြခဲ့ပါတယ်။ အိပ်မက်ဆုံရာ ၊ မိသားစုပြိုင်ပွဲ စတာတွေ တင်ဆက်ခဲ့ပါတယ်”လို့ Forever Group က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is 387760294_122117747354040280_2695043254739023300_n.jpg

ဒီမိတ်ဆက်ပွဲကို နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ‌ထွန်းထွန်း၊ ကျော်ထက်ဇော်၊ ဟိန်းရတု၊ အောင်ရေချမ်း၊ သာထက်ဉာဏ်ဇော်၊ ချိုပြုံး၊ အေးမြတ်သူ၊ နော်ဖောအယ်ထား၊ ခန့်၊ မေလသံစဉ်၊ စနိုးကြည်ဖြူ၊ ဈာဈာန်ဟန်သာ၊ ဆက်ယွန်းတွယ်တာ စတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြသလို ဆုထက်လှိုင် ၊ ဟန်ထူးဈာန် ၊ မီးနို ၊ ထွန်းထွန်း စတဲ့သူတွေက တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ် ။

This image has an empty alt attribute; its file name is 387757141_122117747372040280_9023148616003261116_n.jpg

အဆိုပါ အခမ်းအနားမှာ သဘောတူ စာချုပ်လက်မှတ်ထိုးခြင်း အစီအစဉ်အနေနဲ့ Forever Group Co.Ltd တာဝန်ရှိသူ ဒေါက်တာဟိန်းထက်အေး နဲ့ HEY Play Managing Director ဒေါက်တာထက်ခိုင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

သရုပ်ဆောင် မြင့်မြတ် ၊ အဆို တော် လွှမ်းပိုင် ၊ ထွန်းပုလဲရတနာ ၊ ဂျို ကာ ၊ သံသားမိုးသိမ့် တို့က ပါဝင် သရုပ် ဆောင်ထားတဲ့ “ကျော်ဇော်မော်ဇော်” ဇာတ်လမ်းတွဲဟာ HEY Play Application က အောင်မြင်မှုရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပြီး ခုဆိုရင်တော့ Channel 7 ရုပ်သံလိုင်းက လာမဲ့ နိုဝင်ဘာ ၄ ရက်ကစ အပတ်စဥ်စနေ၊ တနင်္ဂနွေတိုင်း ပြန်လည်ထုတ်လွှင့်မှာဖြစ်ပါတယ်။

HEY Play Application က မှော်ဝင်ဖိတ်စာ ၊ ပိုးဝင်္ကပါ ၊ အောင်မြင်ကျော်ကြား လင်းလက် တောက်ပ ၊ ရေသေအိုင် ၊ ဂေါင်းကြီး စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *