၁၀. ၁၀. ၂၀၂၃
Written by Nay Moe
ဒလန်ဟု ယူဆမှုကြောင့် ငါန်းဇွန်၊ နတ်ကြီးရွာမှ အမျိုးသား ၂ ဦးကို PDF ၈ ဦးက လာရောက်သ-တ်ဖြတ်မှု အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာ၌ သေနတ်၊ ဓားဖြင့် ပစ်ခတ်ထိုးခုတ်ခံရ၍ အမျိုးသား ၂ ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးစိုးထွေး(၃၃)နှစ်နှင့် တစ်ရွာတည်းနေ ဦးရဲသွေး(၂၇)နှစ်တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် ကျေးရွာအတွင်းသို့ PDF အင်အား ၈ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ် သ-တ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးထွေးနှင့် ဦးရဲသွေးတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်းသတင်းများအရ သေဆုံးသူနှစ်ဦးမှာ သာမန်အရပ်သားများသာဖြစ်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် နတ်ကြီးကျေးရွာသို့ စစ်ကြောင်းရောက်ရှိစဥ် ဦးစိုးထွေးနှင့် ဦးရဲသွေးတို့ဖြင့် စကားပြောဆိုမှုရှိခဲ့သည့်အပေါ် ဒလန်၊ သတင်းပေးဟုဆိုကာ PDF များက လာရောက်သ-တ်ဖြတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။