October 19, 2024

၈. ၁၀. ၂၀၂၃

Translated by Htwe Ko Tun

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း၊ ဟီရတ်ပြည်နယ်အတွင်း အောက်တိုဘာ ၇ ရက်က လှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချစ်တ်စကေး ၆ ဒသမ ၃ မဂ္ဂနီကျူ့ရှိ မြေငလျင်ကြောင့် ခန့်မှန်းခြေ သေဆုံးရသူဦးရေမှာ အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင်၂,၀၆၀ ခန့်ထိ ရှိပြီဖြစ်ကြောင်းတာလီဘန်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ငလျင်လှုပ်ခတ်မှုက လွန်ခဲ့သော နှစ်၂၀ အတွင်း နိုင်ငံ၏ အဆိုးဝါးဆုံးသော လှုပ်ခတ်မှုဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

This image has an empty alt attribute; its file name is 386736506_122125485668030934_6784539567172227704_n.jpg

ငလျင်က ဟီရတ်မြို့၏ အနောက်မြောက်ဘက် ၄၀ ကီလိုမီတာ(ကီလိုမီတာ၂၄ မိုင်) ခန့်ဝေးသောနေရာကိုဗဟိုပြုလျက် အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၆ ၃၀နာရီ) ခန့်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဟီရတ်မြို့တွင် နေထိုင်သူတစ်ဦးက ငလျင်လှုပ်ပြီးနောက် မွန်းတည့်ချိန်အထိတွင်ပင် အားကောင်းသော နောက်ဆက်တွဲငလျင် ငါးခုခန့်လှုပ်ခဲ့ကြောင်း၊ လူများမှာ ကြောက်ရွံ့ပြီး အိမ်များအပြင်သို့သာထွက်နေကြကြောင်း ပြောခဲ့သည်။

အမေရိကန်ငလျင်တိုင်းတာရေးဌာနက နောက်ဆက်တွဲ ငလျင်သုံးခုဆိုလျှင် ရစ်ချစ်တ်စကေး ၆ ဒသမ ၃၊ ၅ ဒသမ ၉ နှင့် ၅ ဒသမ ၅ မဂ္ဂနီကျူ့စီ အသီးသီးရှိသည်အထိ ပြင်းထန်ကြောင်းလည်း ပြောခဲ့သည်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *