October 19, 2024

၉. ၁၀. ၂၀၂၃

Written by Nay Moe

ကော့ကရိတ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် PDF၊ KKO နှင့် KNU တို့ Drop Bomb ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ အောက်တိုဘာ ၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်သို့ KKO နှင့် PDF ပူးပေါင်းအဖွဲ့တို့က Drone ယာဉ်ဖြင့် ပစ်ချခဲ့သည့် Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဗိုလ်ချုပ်လမ်းပေါ် ဖြတ်သန်းသွားလာနေသည့် အဆိုပါရပ်ကွက်နေ ဦးအောင်ကိုလတ် (၄၆)နှစ်နှင့် GRADE-4 ကျောင်းသား မောင်ဥက္ကာဖြိုး (၁၀)နှစ်တို့ ၂ ဦးတွင် မျက်နှာ၊ ဝမ်းဗိုက်၊ လက်နှင့်‌ ခြေထောက်တို့၌ ဗုံးသီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့ကြောင့် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိရာမှ ဦးအောင်ကိုလတ်အား တပ်မတော်ဆေးရုံ(တောင်ကလေး)သို့ လွှဲပြောင်းကုသပေးခဲ့ ကြောင်းနှင့် ညနေ ၄ နာရီ ၃၅ မိနစ်တွင်လည်း ဗိုလ်ချုပ်လမ်းပေါ်၌ အကြမ်းဖက်သမားများ ပစ်ချခဲ့သည့် Drop Bomb ၁ လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ခဲ့မှုမရှိကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအတွင်းသို့ ၎င်းကျေးရွာနှင့် စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ ကျောက်ကြီးမြို့နယ်၊ ထိုးဝါးစိုက် ကျေးရွာဘက်မှ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က Drone ယာဉ်ဖြင့် Drop Bomb ၁ လုံး အကြောင်းမဲ့ ပစ်ချတိုက်ခိုက်ခဲ့ရာ Drop Bomb မှာ တောင်ခင်ကျေးရွာနေ ဒေါ်အေးအေးခိုင် (၄၈)နှစ်၏ နေအိမ်ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ်အေးအေးခိုင်တွင် ဝဲ/ယာပေါင်တို့၌ ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *