October 19, 2024

၉. ၁၀. ၂၀၂၃
Written by Pan Ei

ဗြိတိန်နိုင်ငံ၊ ဝေလနယ်၊ ဘယ်ရီမြို့က ဧရာမသီးနှံတွေစိုက်ပျိုးရာမှာ လူသိများတဲ့ Vincent Sjodin ဆိုသူဟာ ကမ္ဘာ့အလေးဆုံး သခွားသီးတစ်လုံးကို စိုက်ပျိုးနိုင်ခဲ့ပြီး သူ့ရဲ့ ဂုဏ်သတင်းဟာဆိုလည်း ကျော်ကြားနေခဲ့ပါတယ်။

သူစိုက်ပျိုးနိုင်ခဲ့တဲ့ အလွန်ကြီးမားလှတဲ့ သခွားသီးဟာ စွဲမက်ဖွယ်ကောင်းလောက်အောင်ပဲ အလျား ၁ ဒသမ ၂ မီတာအထိ ရှည်လျားကာ အလေးချိန် ၁၃ ဒသမ ၄ ကီလိုဂရမ် အလေးချိန်ရှိပြီး အဲ့ဒီအလေးချိန်ပမာဏဟာဆိုရင် ပျမ်းမျှအနေနဲ့ တောင်တက်စက်ဘီးတစ်စီးနှင့် ညီမျှပါတယ်။

ခုလိုထူးခြားတဲ့အောင်မြင်မှုကို ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ ဧရာမဟင်းသီးဟင်းရွက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်သလို အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Vincent Sjodin ရဲ့ ဧရာမသခွားသီးကြီးဟာဆိုရင် အရင်ကမ္ဘာ့အလေးဆုံးသခွားသီးစံချိန်ထက် သုည ဒသမ ၄ ကီလိုဂရမ် ကျော် ပိုလေးခဲ့တာဖြစ်ပြီး စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-10-09_15-43-30.jpg

အံ့သြစရာကောင်းတာက ဒါဟာ Sjodin ရဲ့ ကမ္ဘာ့စံချိန်တင်မှတ်တမ်းထဲကို ဝင်ရောက်နိုင်ခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်ကလည်း သူဟာ ၁၁၆ ဒသမ ၄ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်ဖရုံသီးကြီးကို စိုက်ပျိုးနိုင်ခဲ့လို့ ဂင်းနစ်စံချိန် တင်ခဲ့ပါသေးတယ်။

သူဟာ ခုလို ဧရာမ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးတာကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုနောက်ကွယ်က လျှို့ဝှက်ဖော်မြူလာအကြောင်း မေးမြန်းတဲ့အခါ Sjodin ဟာ တိကျတဲ့အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး နှုတ်ဆိတ်နေခဲ့ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *