October 19, 2024

၉. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံအား ဟားမားစ်တို့၏ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၁၂ ဦးထိ သေဆုံးဖွယ်ရှိကြောင်း ထိုင်းအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျက်ကာဖုန် ဆန်မာနီ က အောက်တိုဘာလ ၈ ရက် ညပိုင်းက ပြောကြားခဲ့သည်။

အစ္စရေးတာဝန်ရှိသူများက ဟားမားစ်တို့၏ တိုက်ခိုက်မှုအတွင်း အစ္စရေးတာဝန်ရှိသူများက ထိုင်းနိုင်ငံသား နှစ်ဦးသေဆုံးကြောင်း အတည်ပြုပြောကြားခဲ့သည်။ သို့သော် အစ္စရေးအလုပ်ရှင်များက နောက်ထပ် ထိုင်းနိုင်ငံသားဆယ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ သို့သော် ၎င်းသေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကိုမူ အသေးစိတ်မပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးက ပစ်ခတ်မှုများအတွင်း ထိုင်းနိုင်ငံသားရှစ်ဦး ဒဏ်ရာရခဲ့ပြီး ၁၁ ဦး ပြန်ပေးဆွဲခံရကြောင်းလည်း ပြောခဲ့သည်။ ဒဏ်ရာရသူများအနက် နှစ်ဦးက ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုများ အဓိကဖြစ်ပွားရာ အစ္စရေးနိုင်ငံတောင်ပိုင်းတွင် ထိုင်းနိုင်ငံသား ၅၀၀၀ ခန့်က စိုက်ပျိုးရေးလုပ်ငန်းများ၌ လုပ်ကိုင်နေကြကြောင်း သိရသည်။

Ref—Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *