October 18, 2024

၉. ၁၀. ၂၀၂၃
Written by Pan Ei

ခင်ပွန်းဟောင်းဖြစ်သူ မင်းသားကြီး ဂျော်နီဒပ်နဲ့ ပြီးခဲ့တဲ့နှစ်က အသရေဖျက်မှုနဲ့ တရားရင်ဆိုင်ခဲ့ရပြီးတဲ့နောက်ပိုင်း နာမည်ဆိုးနဲ့ ကျော်ကြားနေခဲ့တဲ့ မင်းသမီး အမ်ဘာဟတ် က ပထမဆုံးအနေနဲ့ မကြာမီမှာ ရုပ်ရှင်ပိတ်ကားပေါ် ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

မင်းသမီး အမ်ဘာဟတ်က ခင်ပွန်းဟောင်းဂျော်နီဒပ်နဲ့ တရားရေးရာကိစ္စတွေရှိခဲ့ပြီးတဲ့နောက် ဟောလိဝုဒ်ကနေ နုတ်ထွက်လိုက်ပြီလို့ အတွင်းသတင်းတွေက အခိုင်အမာဆိုကြတာတွေရှိခဲ့ပေမဲ့ အခုအခါမှာတော့ သူမဘဝရဲ့ ကဏ္ဍသစ်တစ်ခုကို စတင်နေပုံရပြီး သူမရဲ့ အသစ်ထွက်မယ့် ရုပ်ရှင်နာမည်ကတော့ ‘In the Fire’ လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ၁၈၉၀ ပြည့်လွန်နှစ်ကာလတွေကို အခြေခံကာရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဖွယ်ရာဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမ်ဘာဟတ်က သဘာဝလွန်စွမ်းအားရှိနေတဲ့ ကလေးတစ်ဦးကို စုံစမ်းကုသပေးမယ့် ဆရာဝန်တစ်ယောက်နေရာကနေ အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-09_14-50-47.jpg

အမ်ဘာဟတ် ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က အီတလီနိုင်ငံမှာကျင်းပပြုလုပ်တဲ့ ၆၉ ကြိမ်မြောက် Taormina ရုပ်ရှင်ပွဲတော်ကိုလည်း တက်ရောက်ခဲ့ပြီး ‘In the Fire’ ရုပ်ရှင်အကြောင်းကိုလည်း “သဘာဝလွန်စွမ်းအားအကျိုးသက်ရောက်မှုတွေနဲ့အချစ်ရဲ့စွမ်းအားတွေအကြောင်းပါဝင်တဲ့ လှပတဲ့ ရုပ်ရှင်တစ်ကား ဖြစ်တယ်”လို့ သူမက အဲ့ဒီရုပ်ရှင်ပွဲတော်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာဟတ် က အခုနှစ် ဒီဇင်ဘာလမှာပြသမယ့် Aquaman and the Lost Kingdom မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

မင်းသမီး အမ်ဘာဟတ်ရဲ့ အချိန်အတော်ကြာမှ ရုပ်ရှင်ပိတ်ကားထက်ပေါ်ရောက်ရှိလာမယ့် သည်းထိပ်ရင်ဖို ‘In the Fire’ ရုပ်ရှင်ကတော့ လာမယ့် သောကြာနေ့ (အောက်တိုဘာလ ၁၃ ရက်) မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

Ref; People

Leave a Reply

Your email address will not be published. Required fields are marked *