October 18, 2024

၉. ၁၀. ၂၀၂၃
Written By Thandar

အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ သက်ကြီးအနုပညာရှင် ၁၄၀ ကျော်အတွက် အနုပညာလောကသားတွေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို)မှာ လာရောက် လှူဒါန်းမှုတွေ လုပ်ဆောင်နေလျက်ရှိပါတယ်။

“ရုပ်ရှင်သက်ကြီး ပူဇော်ကန်တော့ပွဲကတော့ ရက်ကလည်း တော်တော်လေး နီးနေပါပြီ။ ကိုယ့်လောကသားတွေ ဒီလို ခက်ခဲကြပ်တည်းနေချိန်မှာ ပါဝင်လှူဒါန်းကြလို့လည်း ဝမ်းသာပါတယ်။ ကျွန်တော့်တို့ အစည်းအရုံးက ပါဝင်လှူဒါန်းဖို့ ကြော်ငြာလေး တက်လာတော့ ပါဝင်လှူဒါန်းလာကြတယ်။ မကြာခင် ကျင်းပမှာမို့ ပါဝင်လှူဒါန်းသူတွေ ထည့်ဝင်လာလို့ သက်ကြီးကန်တော့ခံတွေအတွက် ပီတိဖြစ်စရာလေးတွေ ဖြစ်မှာပါ။ ကျွန်တော်တို့ အစည်းအရုံးအနေနဲ့ သက်ကြီးအနုပညာရှင် တစ်ဦးကို ကျပ်နှစ်သိန်းနှုန်း သတ်မှတ်ထားပါတယ်။ MRTV-4 ကလည်း တစ်ဦးကို ကျပ် ၅၀,၀၀၀ နှုန်း ပါဝင်ကန်တော့ကြတယ်။ မင်္ဂလာ ဦးဇော်မင်းက တစ်ယောက်ကို ကျပ် ၁၀,၀၀၀ နှုန်း လက်ရှိ ပါဝင်လှူဒါန်းထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-09_12-00-11-1024x768.jpg

၁၀၃ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် ၄၆ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ယခင်နှစ်က ကျင်းပခဲ့သလို စတုဒိသာမုန့် စျေးတန်း ၂၅ ဆိုင်ကျော်ထည့်သွင်းပြီး ကျင်းပမယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှာ ကျင်းပမယ့် ၄၆ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲမှာလည်း ကန်တော့ခံ သက်ကြီး အယောက် ၁၄၀ ကျော်ကို တစ်ဦးလျှင် ရုပ်ရှင်အစည်းအရုံးမှ ကျပ် နှစ်သိန်းနှုန်း သတ်မှတ်လှူဒါန်းမယ်လို့ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-09_12-00-13-1024x975.jpg

အကယ်ဒမီ ဖွေးဖွေးက ကျပ် ၁၁ သိန်း ၊ သရုပ်ဆောင် ထူးခန့်ကျော် မိသားစုက ကျပ်သိန်း ၂၀ ၊ အကယ်ဒမီ ထက်ထက်မိုးဦး က ကျပ် ၃ သိန်း ၊ အကယ်ဒမီ စိုးမြတ်သူဇာက ကျပ် ၅ သိန်း ၊ အကယ်ဒမီ ခိုင်သင်းကြည်က ကျပ် ၁၀ သိန်း ၊ အကယ်ဒမီ မြတ်ကေသီအောင်ကကျပ် ၁ သိန်း ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်က ကျပ် ၁ သိန်း ၊ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ကျပ် ၅ သိန်း ၊ သရုပ်ဆောင် ဖြူဖြူထွေးက ကျပ် ၃ သိန်း၊ ဒါရိုက်တာမယ်မင်းဘုံက ကျပ် ၁ သိန်း ၊ သရုပ်ဆောင်စုလှိုင်နှင်းက ကျပ် ၂ သိန်း ၊ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင် ကကျပ် ၁ သိန်း ၊ သရုပ်ဆောင်ဖူးစုံက ကျပ် ၁ သိန်း ၊ အလှမယ် အိမ့်မျက်ခြယ် Confident and Smart Academy က ကျပ် ၁ သိန်း ၊ Mrs Universe Myanmar 2022 အလှမယ် မေသင်းကြည်က ကျပ် ၂ သိန်း ၊ သရုပ်ဆောင် ခင်လှိုင်က ကျပ် ၂ သိန်း ၊ သရုပ်ဆောင် နေရှိုင်းက ကျပ် ၂ သိန်း ၊ သရုပ်ဆောင် သူထူးစံက ကျပ် ၁ သိန်း ၊ ရွှေကြို မေဖြူကြည်သဲက ကျပ် ၁ သိန်း ၊ Mahar Mobile Applicationက ကျပ် ၅ သိန်း ၊ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေး ဦးစည်သူအောင်က ကျပ် ၁၁ သိန်း ၊ MRTV – 4 က တစ်ဦးကို ကျပ် ၅၀,၀၀၀ နှုန်းနဲ့ ကျပ်သိန်း ၇၀ ၊ မုံရွာဆရာ မိုးဆေးတိုက်က ဆေးများ ၊ ၇၅ လမ်းမောရိယမန်းဆေးတိုက်က မောရိယမန်းဆေး၊ ဒဏ်ကြေလိမ်းဆေး၊ ရင်လူးဆေး၊ ရှူလိမ်းဆေး၊ အခိုးပွင့်ဆေး နဲ့ မိုးသောက်ကြယ် အကောင်းဆုံး ဂျုံကြာဇံများ လှူဒါန်းဖို့အတွက် ကျပ် ၁၇၀,၀၀၀ စသည်ဖြင့် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-09_12-00-13-2-791x1024.jpg

သက္ကရာဇ် ၁၉၂၀ ခုနှစ်က အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၁၀၃ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ၄၅ ကြိမ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အကန်တော့ခံ သက်ကြီး ၁၈၀ နီးပါးကိုလည်း ကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ အကန်တော့ခံ သက်ကြီးတွေအနေနဲ့ အသက် ၇၀ နှစ်အထက် ဖြစ်ရမှာဖြစ်ပြီး အနုပညာလုပ်သက်တမ်း အနှစ် ၂၀ ရှိသူမှသာ ကန်တော့ခံစာရင်းဝင်တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *