October 19, 2024

◾️ နှစ်ဘက်ထိခိုက်သေဆုံးမှုများမြင့်တက်

၉. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံတောင်ပိုင်းကို အောက်တိုဘာလ ၇ ရက် အရုဏ်တက်ချိန်တွင် ဟားမားစ်စစ်သွေးကြွများ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အစ္စရေးမြို့များသို့ ဒုံးကျည်များ ထောင်နှင့်ချီ၍ ခုနှစ်နာရီခွဲခန့်ကြာအောင် ပစ်ခတ်ခဲ့မှုအပြီး အစ္စရေး ​လေတပ်ကလည်း ဂါဇာဒေသအား လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်၍ တန်ပြန်ထိုးစစ်ပြုလုပ်လျက်ရှိသည်။

အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးသူအ​​ရေအတွက်မှာ အောက်တိုဘာလ ၉ ရက်နံနက်အထိ ကလေး ၇၈ ဦး အပါအဝင် ပါလက်စတိုင်းပြည်သူ  ၄၁၃ ဦးသေဆုံးကာ ၂,၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-09_11-48-19-1024x682.jpg

ဂါဇာကမ်းမြောင်နေသူတစ်ဦးကလည်း ၎င်းတို့တွင် လေကြောင်းတိုက်ခိုက်မှုမှ ရှောင်တိမ်းရန် နယ်မြေမရှိကြောင်းနှင့် အစ္စရေးလေတပ်က ၁၅ မိနစ်ခန့်တွင် ဗုံးတစ်လုံးကြဲချတိုက်ခိုက်နေသည်ဟု ပြောခဲ့သည်။

အောက်တိုဘာလ ၇ ရက်က အစ္စရေးအပျော်တမ်းကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်သော Zaka က Nova တေးဂီတဖျော်ဖြေပွဲတစ်ခုတွင် ဟားမားစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ အရပ်သား ၂၆၀ ဦး သေဆုံးခဲ့ရကြောင်းပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-09_11-48-27.jpg

ဟားမားစ်တို့၏ တိုက်ခိုက်မှုများကြောင့်လည်း အစ္စရေးပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ထို့ပြင် အစ္စရေးပြည်သူ ၁၀၀ ကျော်ကိုလည်း ဟားမားစ်တို့က ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သိရသည်။

အစ္စရေး နိုင်ငံတောင်ပိုင်းတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ဟားမားစ်တို့ကလည်း အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်များ ဆက်လက်ပစ်လွှတ်နေဆဲဖြစ်သည်။

ဟားမားစ်တို့က ၎င်းတို့၏ အစ္စရေး တောင်ပိုင်းသို့ အောက်တိုဘာ ၇ ရက်တွင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုအား အီရန်တို့က အကူအညီပေးခဲ့ကြောင်း Wall Street Journal သို့ ပြောခဲ့ကြသည်။

Ref–The Times of Israel, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *