October 19, 2024

MT News
၉. ၁၀. ၂၀၂၃

တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအပြီး မြန်မာအသင်းက ရွှေတစ်ခု၊ ကြေးနှစ်ခုနဲ့ နိုင်ငံအဆင့်ဆုရရှိမှု အဆင့် ၂၇ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်က ယှဥ်ပြိုင်တဲ့ အမျိုးသားလေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းက အင်ဒိုနီးရှားကို နှစ်ပွဲပြတ်နဲ့အနိုင်ယူပြီး ရွှေဆုရခဲ့သလို အောက်တိုဘာ ၅ ရက်မနက်မှာကျင်းပတဲ့ အမျိုးသမီး မီတာ ၅၀၀ နဂါးလှေပြိုင်ပွဲမှာ တရုတ်က ပထမ၊ အင်ဒိုနီးရှားက ဒုတိယနဲ့ မြန်မာအသင်းက တတိယရလာခဲ့ပြီး အောက်တိုဘာ ၆ ရက်မှာ အမျိုးသားမီတာ (၁၀၀၀) ၁၂ တက်လှော် နဂါးလှေပြိုင်ပွဲမှာ အင်ဒိုနီးရှားက ရွှေ၊ တရုတ်က ငွေနဲ့ မြန်မာက ကြေးဆုရပြီး နိုင်ငံအလိုက်အဆင့် ၂၇ မှာ ရပ်တည်နိုင်ခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-10-09_09-48-07-1024x683.jpg

အာရှအားကစားပြိုင်ပွဲအပြီးမှာ အိမ်ရှင်တရုတ်က ရွှေ ၂၀၁ ခု ဆုတံဆိပ်ရရှိမှုပေါင်း ၃၈၃ ခုနဲ့ ဆုတံဆိပ်ဇယားကို ထိပ်ဆုံးက ဦးဆောင်ခဲ့ပြီး ဂျပန်က ရွှေ ၅၂ စုစုပေါင်း ဆုတံဆိပ် ၁၈၈ နဲ့ဒုတိယနေရာ၊ တောင်ကိုရီးယားက ရွှေ ၄၂ ခု စုစုပေါင်းဆုတံဆိပ် ၁၉၀ နဲ့ တတိယ၊ အိန္ဒိယနိုင်ငံက ရွှေ ၂၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၀၇ ခုနဲ့ စတုတ္ထနေရာရပ်တည်နေပြီး ဥဇဘက်ကစ္စတန်ကတော့ ရွှေ ၂၂ ခု စုစုပေါင်းဆုတံဆိပ် ၇၁ နဲ့ ပဥ္စမနေရာရပ်တည်ခဲ့ပါတယ်။

၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်ကို အာရှအိုလံပစ်ကော်မတီဝင် ၄၅ နိုင်ငံဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး နိုင်ငံ ၄၁ ခုဟာ အနည်းဆုံးကြေးဆုတစ်ဆုရရှိခဲ့ပေမဲ့ ဘာဆုမှမရတဲ့နိုင်ငံကလည်း ၄ နိုင်ငံရှိနေပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-09_09-48-09-2-1024x683.jpg

စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ အမျိုးသား ဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports၊ မြားပစ်နဲ့ ပိုက်ကျော်ခြင်း အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နိုင်ငံအလိုက်ယှဥ်ပြိုင်မှုမှာ လူဦးရေအနည်းဆုံးပြိုင်တဲ့ နိုင်ငံထဲလည်း ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *