၆. ၁၀. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းအား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က အောက်တိုဘာ ၄ ရက်နံနက် ၈နာရီ ၂၇ မိနစ်ခန့်တွင် ကြို့ကိုးပင်ရွာ ရွာလမ်းမပေါ်၌ ပစ်ခတ်သ-တ်ဖြ-တ်ခဲ့သည်ဟု Bago Region PDF က ယနေ့ထုတ်ပြန်သည်။
ဦးဇော်ဝမ်းသည် အင်းမတပ်တွင် စစ်သင်တန်းတက်၍ နေအိမ်သို့ ပြန်ရောက်ရှိနေစဉ် သ-တ်ဖြ-တ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးဇော်ဝမ်းမှာ ပျူစောထီးခေါင်းဆောင်ဖြစ်ကြောင်း သာယာဝတီ PDF များ ပစ်ခတ်မှုကြောင့် ဦးဇော်ဝမ်းမှာ နေရာ၌ပင်သေဆုံးခဲ့ကြောင်း ၎င်းထံမှ လခရတပ်ဖွဲ့များနှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ငွေသား ၄၂၀,၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးကို လုယက်သိမ်းယူခဲ့ကြောင်း၊ ၎င်းကိုင်ဆောင်နေသည့် လက်လုပ်သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၂ လုံးကို ရှာဖွေသိမ်းဆည်းရန် အိမ်ထဲသို့ ဝင်ရောက်စဉ် ၎င်းတပည့် ပျူစောထီးများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် ထုတ်ပြန်ချက်တွင်မူ လခရတပ်ဖွဲ့များ၏ ဖုန်းနံပါတ်များမှတ်ထားသည်ကိုသာ ဖော်ပြထားပြီး ဆက်သွယ်ထားမှု ဖော်ပြနိုင်ခြင်းမရှိသလို သ-တ်ဖြ-တ်လုယက်သည့် သာယာဝတီ PDF များ စွပ်စွဲချက်မှန်မမှန်ကိုမူ MT News က အတည်မပြုနိုင်ဘဲ လက်နက်မဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကို အလစ်ချောင်းပစ်သ-တ်ပြီးနောက် ဆိုင်ကယ်၊ ဖုန်းများနှင့် ငွေများလုယက်မှုကိုသာ Bago Region PDF ထုတ်ပြန်ချက်အရ ရေးသားခြင်းဖြစ်သည်။
ပုံစာ။ ဦးဇော်ဝမ်းကို သာယာဝတီ PDF က လုယက်သ-တ်ဖြ-တ်ပြီးနောက် ထုတ်ပြန်သည့်ပုံများနှင့် ဦးဇော်ဝမ်းဖုန်းတွင် မှတ်ထားသည့်နံပါတ်များ။