၇. ၁၀. ၂၀၂၃
Written by Nay Moe
ပြည်သူ့စစ်အဖွဲ့ဝင် ပျုစောထီးများဟုဆိုကာ စွပ်စွဲသ-တ်ဖြတ်မှုခံရသူနှစ်ဦးအပါအဝင် တစ်နေ့တာအတွင်း လူသုံးဦးသ-တ်ဖြတ်ခံရမှူဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်များမှာ အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာနေ ဦးဇော်ဝမ်း (၅၄)နှစ်သည် ကျေးရွာအရှေ့ပိုင်းမှ ရွာလမ်းအတိုင်း ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် သာယာဝတီခရိုင် အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ PDF ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ဦးဇော်ဝမ်း စီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်ဝမ်းတွင် လည်ပင်းနှင့် ဝမ်းဗိုက်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးနေထိုင်သူ ဦးမြင့်အောင် (၆၂)နှစ်တွင် တင်ပါး ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့သဖြင့် အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထိုဖြစ်စဥ်ကို ကျုးလွန်သည့် သာယာဝတီ PDF များကလည်း ဦးဇော်ဝမ်းထံမှ ဖုန်း ၂ လုံး၊ ကျပ် ၄၂၀၀၀၀ နှင့် ဆိုင်ကယ်လုယူလာခဲ့ကြောင်းနှင့် ဦးဇော်ဝမ်းမှာ ကြို့ကိုးပင်ရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင် ပျူစောထီးဖြစ်၍ သ-တ်ဖြတ်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ နံနက် ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်နေ ကိုဟိန်းထက်(၂၆)နှစ်သည် ပန်းဘဲတန်းရပ်ကွက်သို့ တစ်ဦးတည်း လမ်းလျှောက်လာစဉ် ပန်းဘဲတန်းရပ်ကွက် သီရိမင်္ဂလာတံတားအနီးအရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF တစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ကိုဟိန်းထက်တွင် ဝဲဘက်မေးရိုးအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် စစ်ကိုင်းခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဥ်တွင်လည်း စစ်ကိုင်း UG PDF များက ကိုဟိန်းထက်မှာ ပျုစောထီးအဖွဲ့ဝင် ဒလန်သတင်းပေးဖြစ်၍ တံတားပေါ်တွေ့စဥ် ပစ်ခတ်ခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
အထက်ပါဖြစ်စဥ်များအပြင် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သန့်ဇင်ကုန်းရွာနေ ဦးညီညီဌေး (၄၈)နှစ်သည် အဆိုပါကျေးရွာရှိ “ရှမ်းနောက်နောက်”စားသောက်ဆိုင်မှ နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် “ရွှေလက်ကောင်း” စားသောက်ဆိုင်အနီးအရောက် လမ်းဘေး၌ ကြိုတင်စောင့်ဆိုင်းနေသည့် PDF ၃ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်အားတားဆီးကာ ၎င်းအား ဓားများဖြင့်ဝိုင်းဝန်းထိုးခုတ်၍ ထွက်ပြေးသွားခဲ့သဖြင့် ဦးညီညီဌေးတွင် ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ရင်အုံပြတ်ရှဒဏ်ရာ ၂ ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။