၆. ၁၀. ၂၀၂၃
Written by Zaw Moe
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းတွင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း KIA မှ ကျောင်းသား၊ ကျောင်းသူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။
ပူတာအိုခရိုင်မှ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား ၃၅ ဦးခန့်ကို ဆွမ်ပရာဘွန်မြို့အကျော် ခတ်ခရားယံ တစ်နေရာတွင် KIO/KIA က အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရရှိသဖြင့် SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဝေးသင်တက္ကသိုလ်တက်ရန် ပူတာအိုမှဆင်းလာသော တိုင်းရင်းသားလူငယ်များဖြစ်ပြီး တစ်ပတ်လျှင် တစ်ကြိမ်သာ ပြေးဆွဲသော လေကြောင်းလိုင်း မလုံလောက်မှုကြောင့် ကားလမ်းကြောင်းဖြင့် ဆင်းလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
ပူတာအိုတွင်ရှိနေသည့် တက္ကသိုလ်တွင် အဝေးသင် သင်တန်းတက်ရောက်ရန်၊ စာမွေးပွဲဖြေဆိုရန် လာရောက်မည့် ကျောင်း သားလူငယ်များအတွက် ပြည်နယ်အစိုးအနေဖြင့် သက်ဆိုင်ရာနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဖြေကြားထားသည်။