MT News
၅. ၁၀. ၂၀၂၃
မင်္ဂလာလေကြောင်းဝန်ဆောင်မှုလုပ်ငန်းကို အစိုးရကသာလုပ်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေး လုပ်ကိုင်ခွင့်ပြုလိုက်သည်ဟု သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့် သုံး၍ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဆ) အရ အစိုးရကသာလုပ်ကိုင် ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို မင်္ဂလာလေကြောင်းဝန်ဆောင်မှုကုမ္ပဏီလီမိတက် (MINGALAR AVIATION SERVICES Co.,Ltd) အား လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
ထို့အတူ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသောလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်ဟုလည်း သိရသည်။