MT News
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ နယူးယောခ့်မြို့တော်ဝန်ဟောင်းက လွန်ခဲ့သော သုံးနှစ်နီးပါးအချိန် ၂၀၂၀ ပြည့်နှစ်အတွင်းက နက်ရှ်ဗီးလီးမြို့တွင် သမ္မတစကားစစ်ထိုးပွဲပြုလုပ်ကြစဉ်အတွင်း ၎င်းအား ‘ရုရှား လက်ကိုင်တုတ်’ ဟုခေါ်ခဲ့သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အားအောက်တိုဘာ ၄ ရက်က အသရေဖျက်မှုဖြင့် တရားစွဲခဲ့ကြောင်းသိရသည်။
နယူးယောခ့်မြို့တော်ဝန်ဟောင်းရူဒီ ဂီအူလီယာနီက နယူးဟမ်ရှိုင်းယားပြည်နယ်အတွင်း တရားရုံးတစ်ခု၏အပြင်ဘက်၌ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းကသမ္မတ ဂျိုးဘိုင်ဒန်ကိုတရားစွဲထားကြောင်းနှင့်ပြည်နယ်၏ အသရေ ဖျက်မှုဥပဒေများကို အသုံးချကာအမှုဖွင့်လှစ်ခဲ့ကြောင်း ကြေညာခဲ့သည်။
ဂီအူလီယာနီက အလားတူ တိုက်ခိုက်မှုများကို သမ္မတဂျိုးဘိုင်ဒန်နှင့် သားဖြစ်သူ ဟန်တာတို့က ၎င်းအပေါ်အကြိမ်များစွာပြုလုပ်ခဲ့ကြကြောင်းလည်း ပြောခဲ့သည်။ သို့သော် ဂျိုးဘိုင်ဒန်အပေါ်တွင်သာ တရားစွဲခြင်းဖြစ်၍ လူအများသိပုဂ္ဂိုလ်များ၏ နိုင်ငံရေးဆိုင်ရာအဆင်အပြင်များအတွင်း ကြေညာချက်များအတွက် အသရေဖျက်မှုဟု ယူဆခြင်းအား တားမြစ်ပိတ်ပင်ထားသော်ငြားလည်းတရားစွဲခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ဂီအူလီယာနီက ဂျိုးဘိုင်ဒန်၏ ဤကဲ့သို အသရေ ဖျက်စော်ကားသည့် ပြောကြားမှုများကြောင့် ၎င်းမှာ များစွာထိခိုက်ခဲ့ရကြောင်းလည်း ပြောခဲ့သည်။
Ref-CNN