MT News
၅. ၁၀. ၂၀၂၃
ရန်ကုန်မြို့လယ် လသာမြို့နယ်က ဖက်တီးမထမင်းဆိုင်မှာ အောက်တိုဘာ ၃ ရက် ည ၁၀ နာရီလောက်က ထမင်းကြော်လာစားတဲ့ ဦးဉာဏ်လွင်အောင်ကို Urban Owl PDF အဖွဲ့က ပစ်ခတ်သွားတဲ့ မြင်ကွင်းထွက်ပေါ်လာပါတယ်။
ဦးဉာဏ်လွင်အောင်ဟာ North Gate Engineering and Technology ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အဲဒီကုမ္ပဏီဟာ မြန်မာနိုင်ငံရုံးချုပ်အပြင် ထိုင်းနဲ့စင်ကာပူမှာရုံးခွဲတွေရှိပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဥ်မှာ ဦးဉာဏ်လွင်အောင်ဟာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ လက်ရှိအချိန်အထိ ကုသမှုခံယူနေရဆဲလို့လည်း ဆိုပါတယ်။
Urban Owl PDF အဖွဲ့ဟာ Biz Law Consult Myanmar ရဲ့ CEO ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်နဲ့ ရန်ကုန်လေဆိပ်လုံခြုံရေးဌာနအကြီးအကဲ ဗိုလ်မှူး(ငြိမ်း) ဦးရဲခိုင်တို့ကို လုပ်ကြံသတ်ဖြတ်ထားတဲ့ PDF အဖွဲ့လည်း ဖြစ်ပါတယ်။
Movies Credit
သတင်းဖြစ်စဥ်အသေးစိတ်ဖတ်ရှုရန်