၅. ၁၀. ၂၀၂၃
Written by Thettant
မိုရာတာ ၁၂’ ၄၇’
ဂရ်ဇ်မန်း ၄၅+၃’
ဟာမိုဆို ၇(OG)
ဟန့်စ်ကို ၃၄’
အန့်ဝပ် ၂ – ၃ ရှတ်တာဒိုးနတ်
မူဂျာ ၃’
ဘလစ်ခ်ဝီရှာ ၃၃’
စီကန် ၄၈’ ၇၆’
ရကစ်စကီး
ဇဗက်ဇ်ဒါ ၂-၂ ယန်းဘွိုင်းစ်
ဒီရာယေး ၃၅’
ဘူကာရီ ၈၈’
ယုခနစ် ၄၈’
အစ်တ် ၆၁ (P)
ဆဲလ်တစ် ၁-၂ လာဇီယို
ဖူရူဟာရှီ ၁၂’
ဗီစီနို ၂၉’
ပတ်ဒရို ၉၀ + ၅’
ဒေါ့မွန် ဝ-၀ အေစီမီလန်
နယူးကာဆယ် ၄-၁ PSG
အယ်လ်မီရွန် ၁၇’
ဘန်း ၃၉’
လောင်းစတပ်ဖ် ၅၀’
ရှားခ် ၉၀+၁
ဟာနန်ဒက်ဇ် ၅၆’
လိုက်ပ်ဇစ် ၁-၃ မန်စီးတီး
အိုပန်ဒါ ၄၈’
ဖိုဒန် ၂၅’
အယ်ဗာရက်ဇ် ၈၄’
ဒိုကူ ၉၀+ ၂
ပေါ်တို ဝ-၁ ဘာစီလိုနာ
တောရက်စ် ၄၅+ ၁
လိုက်ဇ်ပစ်ကို ၃ ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးအသင်းဟာ Group G ရဲ့ ထိပ်ဆုံးနေရာကို ၆ မှတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ပြီး ချန်ပီယံလိဂ်မှာ နှစ်ပွဲကစား တစ်ပွဲမှမနိုင်တဲ့ မန်ယူကြောင့် ကျဆင်းရတဲ့ မန်ချက်စတာသိက္ခာကို အဖတ်ဆည်ထားပါတယ်။ ဒီနေ့ပွဲမှာ မန်စီးတီးဟာ အဝေးကွင်းပေမဲ့ အိမ်ရှင်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီး ကန်သွင်းမှုအသာ၊ ကစားကွက်အသာနဲ့ အနိုင်ယူခဲ့ပြီး လိုက်ဇ်ပစ်အိမ်ကွင်းမှာ ဒီနှစ်ပိုင်းတွေ့ဆုံမှု အရေးမလှတာကို ချေဖျက်ခဲ့ပြီး ထိုက်တန်တဲ့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ပေါ်တိုကို နောက်ဆုံးလေးပွဲမှာ အနိုင်ယူထားတဲ့စံချိန်ကို ငါးပွဲမြောက်မှာလည်း ဆက်ထိန်းသွားခဲ့ပြီး လိုအပ်တဲ့အနိုင်ရလဒ်ရယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တိုဟာ ဘာစီလိုနာကို ခြေရည်တူနီးပါး လိုက်ကစားခဲ့ပေမဲ့လည်း ဂိုးပေါက်ရှာမတွေ့ခဲ့လို့ ၁ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရသလို ရှတ်တာဒိုးနတ်နဲ့ နှစ်ပွဲကစား ၃ မှတ်စီဖြစ်နေခဲ့လို့ ယူရိုပါလိဂ်ကို ဘယ်သူဆင်းကြမလဲ အပြိုင်မေးခွန်းထုတ်ကြရတဲ့အခြေအနေရောက်လာခဲ့ပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီလိုအသင်းကို လေးဂိုးသွင်းပြီး သက်သောင့်သက်သာအနိုင်ယူခဲ့တဲ့ ငှက်ကျားတွေဟာ ချန်ပီယံလိဂ်မှာ မျက်နှာသစ်ပေမဲ့ လျှော့တွက်လို့မရဘူးဆိုတာ သက်သေပြခဲ့တာပါ။ ရာသီအစကတည်းက ခြေမမှန်တဲ့ ပီအက်စ်ဂျီဟာ ဘာပေပါလာခဲ့ပေမဲ့လည်း သူကကယ်တင်ဖို့တော့ မစွမ်းနိုင်ခဲ့သလို ၃ ဂိုးပြတ်အသွင်းခံရပြီးမှ အရှက်ပြေတစ်ဂိုးပြန်သွင်းခဲ့လို့ နိုးထတော့မလား ထင်ရပေမဲ့လည်း ရန်သူကို မညှာတာတဲ့ငှက်ကျားတွေကတော့ အချိန်ပို ၉၁ မိနစ်မှာ ၁ ဂိုးထပ်သွင်းသွားတာကြောင့် အခုတော့သူတို့ဟာ Group F မှာ ၄ မှတ်နဲ့ ထိပ်ဆုံးရပ်နေပါပြီ။
Photos: Credit